Friday, June 8, 2018

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပဉ္စမအကြိမ်မြောက် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်မည်


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇွန်လ ၁၀ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်မှ နေ့လယ်(၁၂)နာရီအချိန်ထိ မရွှေဥကျေးရွာအုပ်စု၊ မရွှေဥကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

ပြည်သူ့စကားဝိုင်း (Public Talk) တွင် တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်ပညာရေးမှူး ဦးဘသိန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ထွေးဝင်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဦးအေးမင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာကေသီမောင်နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွေးအောင်တို့က “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်” ဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Credit - MOI
The Ladies News


0 comments:

Post a Comment