Friday, June 8, 2018

မြန်မာ့တပ်မတော်အပေါ် ကျရောက်လျက်ရှိသော နိုင်ငံတကာဖိအားများအား ဆန့်ကျင်ရှုတ်ချပွဲ တောင်ကြီးမြို့တွင် ပြုလုပ်


မြန်မာ့တပ်မတော်အပေါ် ကျရောက်လျက်ရှိသော နိုင်ငံတကာဖိအားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇွန်လ ၈ ရက်) တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲအား လူဦးရေ ၁၆၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တောင်ကြီးမြို့ စပ်စံထွန်းရပ် မူလမင်းကွန်းကျောင်းရှေ့တွင် စုရပ်အဖြစ် စတင်ထွက်ခွာ၍ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက် ကြွေးကြော်ကာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကျောက်တိုင်မိုးလုံလေလုံကွင်းသို့ ရောက်ရှိကာ ဟောပြောမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ယနေ့ပြုလုပ်သည့် ကန့်ကွက်ရှုတ်ချပွဲတွင် ပအိုဝ်းတိုင်းရင်းသား အများစုပါဝင်ခဲ့ပြီး အမျိုးသားလုံခြုံရေးလူမှုကွန်ယက်ဗဟိုမှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀န်းရံပေးခဲ့ကြောင်း သိရသည်။










■ စည်သာ (တောင်ကြီး)
Eleven Media Group



0 comments:

Post a Comment