Friday, June 15, 2018

ဖို့ဒ်ကားကိစ္စ မဟုတ်မမှန်ရေးသားသူများကို တရားစွဲမည်ဆိုသော်လည်း ဘာမှမဟုတ်သည့် လူအတွက် အလုပ်ရှုပ်မခံဟု မျိုးရန်နောင်သိမ်း ပြော


ဖို့ဒ်ကားကိစ္စ ဖြင့် ပတ်သက်၍ လူမှူကွန်ရက်တွင် မဟုတ်မမှန်ရေးသားသူများကို တရားစွဲမည်ဟု ဆိုသော်လည်း ဘာမှမဟုတ်သည့် လူအတွက် အလုပ်ရှုပ်ခံမည် မဟုတ်ဟု NLDပါတီ ဗဟိုသုသေတနအတွင်းရေးမှူး မျိုးရန်နောင်သိမ်း က ဇွန်လ ၁၄ ရက်တွင် အကုန်သိသတင်းဌာန သို့ ပြောသည်။

’’လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာရှိတယ်။ သို့သော် ဘယ်သူ ဘယ်ဝါမှန်း မသိဘဲ လူမှူကွန်ရက်မှာ အစိုးရကို ပြောတာ အဖွဲ့အစည်းကို နစ်နာအောင်ပြောတာကို ကျွန်တော် ဆိုလိုတာပါ။ ဘယ်သူ့ကို တရားစွဲမလဲဆိုတော့ ဘာမဟုတ်တဲ့ လူတွေအတွက် ကျွန်တော် အလုပ်ရှုပ်မခံဘူး ’’ဟု ၄င်းက ပြောသည်။

ဖို့ဒ်ကားများဝယ်ယူရေး အတွက် ရန်ကုန်တိုင်းလွတ်တော်တွင် တိုင်းအစိုးရအဖွဲ့က တင်ပြခဲ့ခြင်းအပေါ်လွတ်တော်ကိုယ်စားလှယ်များက ၀ိုင်းဝန်းကန့်ကွက်ခဲ့သလို အစိုးရအဖွဲ့ ဖို့ဒ်ကားဝယ်ယူရေး မဝယ်ယူရေး အငြင်းအခုန်သည် ဘာမှ အရေးမပါဘဲ ဝက်ခြံကို အနာလုပ်နေသည်ဟု  လည်း ကျော်ကိုကိုကလည်း ဝေဖန်ထားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment