Friday, June 15, 2018

တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ် ခုနှစ်ဖွဲ့အား အနောက်နိုင်ငံများနှင့် အဆက်အသွယ်မပြုလုပ်ရန်တိုက်တွန်း


အစိုးရနှင့် `၀` ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်များတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ကြားဝင်စေ့စပ်မှုများဆောင်ရွက်နေသော တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ် ခုနှစ်ဖွဲ့အားအနောက်နိုင်ငံများနှင့် အ
ဆက်အသွယ်မပြုလုပ်ရန် တိုက်တွန်းထားသည်ဟု တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်က The Ladies News သို့ပြောကြားသည်။

`ငြိမ်းရေးကိစ္စတွေ့ဆုံဆွေးနွေးရေးကိုဆောင်ရွက်သွားဖို့ ကျွန်တော်တို့နဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမှ အနောက်နိုင်ငံတွေ့နဲ့ ဆက်သွယ်မှုလျှော့ချဖို့ပေါ့ အဓိကတော့လက်ရှိပြဿနာဖြစ်နေတာ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ဖြစ်နေတာကို` ဟု ၄င်းက ပြောကြားသည်။

အနောက်နိုင်ငံများနှင့် အဆက်အသွယ်မပြုလုပ်ရန် တရုတ်နိုင်ငံ၏တိုက်တွန်းချက်နှင့် ပတ်သက်ပြီး မြောက်ပိုင်းအဖွဲ့မှပြန်လည်တောင်ဆိုသည်မှာ `သူကတိုက်တွန်းတယ် ကျွန်တော်တို့လည်းပြန်ပြီးတောင်းဆိုတယ် ငြိမ်းချမ်းရေးလိုချင်တယ်။ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်တယ်ဒီဟာကို တရုတ်ဘက်ကလည်းကူညီဆောင်ရွက်ပေးဖို့` ဟု ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောကြားသည်။

တရုတ်နိုင်ငံသည် `၀`အဖွဲ့ (UWSA) ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အား NCA တွင် လက်မှတ်ရေးထိုးရန်လည်း တိုက်တွန်းမှုပြုလုပ်ထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များမှာ `၀` အဖွဲ့(UWSA) ၊ ကချင်လက်နက်အဖွဲ့(KIA)၊ မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဖြစ်သည်။

လတ်တလောအခြေအနေတွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)နှင့် တပ်မတော်တို့ကြား စစ်ရေးတင်မာမှုများရှိနေသည်။

အောင်ရဲနောင်
The Ladies News




0 comments:

Post a Comment