Wednesday, June 6, 2018

အာဆီယံနိုင်ငံများ ပလတ်စတစ်ပြဿနာ အရေးယူဆောင်ရွက်မည့် စီမံချက် မရှိ


အရှေ့တောင်အာရှ (အာဆီယံ) နိုင်ငံတွေဟာ ပလတ်စတစ် ပြဿနာကို သတိထားမိလာပေမယ့် အရေးယူဆောင်ရွက်မယ့်စီမံချက် မရှိဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ ပလတ်စတစ်အမှိုက် စွန့်ထုတ်ရာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲက တနိုင်ငံပါ။

ဒါဟာ ပြဿနာတရပ်လို့ ဒေသတွင်းမှာ သိထားကြပေမယ့် အရေးယူဆောင်ရွက်တဲ့ စီမံချက် မရှိဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောလိုက်တာပါ။

“ပလတ်စတစ်အိတ်တွေရဲ့ ပြဿနာကို လူတိုင်းသိကြတယ်၊ ဒါပေမယ့် ဒီပြဿနာကို ဒေသတွင်းမှာ ကိုင်တွယ်ဖို့ ညှိနှိုင်းထားတဲ့ စီမံချက် မမြင်သးဘူး၊ အာဆီယံဟာ ပြဿနာတွေကို ရင်ဆိုင်ဖို့လိုတယ်၊ ဒါပေမယ့် ပလတ်စတစ်သုံးစွဲမှု တကယ်လျှော့ချဖို့ အရေးယူဆောင်ရွက်မယ့် စီမံချက် မရှိဘူး” လို့ ဂရင်းပိစ်အဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှဆိုင်ရာ လှုပ်ရှားသူ အန်ချလီ ပီပတ်ထနာ ဝပ်ထနာကူးလ်က ပြောပါတယ်။

စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် သမုဒ္ဒရာ ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၅ အစီရင်ခံစာထဲမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဟာ စီးပွားရေး အလျင်အမြန် တိုးလာတာနဲ့အတူ ပလတ်စတစ်အမှိုက် ထွက်ရာမှာ ထိပ်တန်းကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဘန်ကောက်ဒေသခံ ရုံးဝန်ထမ်းတယောက်က တရက်ကို ပလတ်စတစ်အိတ် အနည်းဆုံး ၃ လုံး သုံးတယ်လို့ ပြောပါတယ်။

ပလတ်စတစ်အိတ်တွေဟာ မြို့နေဘဝမှာ မရှိမဖြစ်ဘဲ ရုံးအဆောက်အဦတွေကနေ ထွက်ပြီး နေ့လယ်စာစားချိန်မှာ သယ်သွားလို့ရတဲ့ စားစရာတွေ ဝယ်ရာမှာ သုံးတယ်လို့ သူက ဆက်ပြောပါတယ်။

ဘန်ကောက်မြို့တော် စီမံရေးရုံးကတော့ မြို့တွင်းနေထိုင်သူ ၁၀ သန်းဟာ တရက်ကို ပလတ်စတစ်အိတ် သန်း ၈၀ သုံးနေပြီး တရက်ကို တယောက် ၈ အိတ်နှုန်း ဖြစ်တယ်လို့ ပြောပါတယ်။

DVB

0 comments:

Post a Comment