Tuesday, June 19, 2018

လွှတ်တော်ကိုယ်စားလှယ်ကို မသိသူ ၆၂ ရာခိုင်နှုန်းရှိနေ


စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ ဒေသခံပြည်သူတွေဟာ မိမိတို့ဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကို မသိသူ ၆၂ ရာခိုင်နှုန်းရှိပြီး သိတဲ့သူ ၇ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။
လွှတ်တော်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာအဖွဲ့ရဲ့ အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒေသခံပြည်သူများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုစစ်တမ်းမှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

“ဒေသခံပြည်သူများအား မိမိတို့ ဒေသ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကို သိ မသိ မေးမြန်းရာတွင် ဖြေဆိုသူ ၆၂ရာခိုင်နှုန်းက မသိပါဟု ဖြေကြားခဲ့သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို သိပါသည် (သို့မဟုတ်) မြင်ဖူးပါသည်ဟု ဖြေကြားခဲ့သူ ၇ ရာခိုင်နှုန်းရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို သိပါသည်ဟု (သို့မဟုတ်) မြင်ဖူးပါသည်ဟု ဖြေကြားခဲ့သူ ၈ ရာခိုင်နှုန်း ရှိခဲ့သည်ကို တွေ့ရှိရပါသည်”
စစ်တမ်းပါ သုတေသနအချက်အလက်များကို စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တို့က ဒေသခံတွေကို မေးမြန်းပြီး ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မုံရွာနဲ့ တောင်ကြီးတို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တို့ကိုလည်း မေးမြန်းခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လူထုတွေ့ဆုံပွဲတွေ ဆွေးနွေးပွဲတွေနဲ့ ကွင်းဆင်း တာတွေ ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ စစ်တမ်းက အကြံပြုထားပါတယ်။

ပြည်သူနဲ့ လွှတ်တော်ကိုယ်စားလှယ် ပူးပေါင်းဆောင်ရွက်မှု ၂၉ ရာခိုင်နှုန်းရှိပြီး လမ်း တံတားကမှာ အများဆုံး ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း စစ်တမ်းမှာ ဖော်ပြပါတယ်။

DVB

0 comments:

Post a Comment