Tuesday, June 19, 2018

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ မပြေလည်၍ နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးချက်များ အားပျော့မည်ဟု အစိုးရကိုယ်စားလှယ်ပြော

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေးကဏ္ဍနှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုင်ရာကိစ္စများ မပြေလည်သေး၍ လာမည့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး၌ နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်ကို ထင်ဟပ်သည့် ဆွေးနွေးချက်များ အားပျော့မည်ဟု အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ် ကြီးခင်ဇော်ဦး(ငြိမ်း)က    ပြော ကြားသည်။

နေပြည်တော်၌ ဇွန်လ ၁၉ ရက်တွင် စတင်ကျင်းပသည့် အစိုး ရ၊ လွှတ်တော်၊ တပ်မတော်ကိုယ် စားလှယ်များပါဝင်သည့်အစိုးရ အစုအဖွဲ့၏ ၂၁ ရာစုပင်လုံအကြို ညှိနှိုင်းဆွေးနွေးပွဲတွင် ရှင်းပြခဲ့ သည်။  အစိုးရလိုလားသည့် ပြည် ထောင်စုမှ ခွဲမထွက်ရကိစ္စကို တိုင်းရင်းသားများဘက်က မလိုက်လျောသေး၍ တိုင်းရင်းသား များ လိုလားသည့် ပြည်နယ်ဖွဲ့ စည်းပုံရေးဆွဲရေးကိစ္စအပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ဖက် ဒရယ်အခြေခံမူများ ကျော်လွှား နိုင်ခြင်းမရှိသေးပေ။ ယင်းကိစ္စကို လာမည့် ဇူလိုင်ဒုတိယပတ်အ တွင်း ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ- ၂၁  ရာစု ပင်လုံတတိယ အစည်းအဝေးတွင် မဆွေးနွေးဘဲ ချန်ထားသည်။

‘‘နိုင်ငံရေးလုပ်ငန်းကော်မ တီမှာ ဆွေးနွေးဖို့ ခေါင်းစဉ်တွေ ပြန်ကြည့်လိုက်တော့   ၁၀   ခု လောက်ရှိတဲ့နေရာမှာ သူတို့နဲ့ အလွတ်သဘောဆွေးနွေးကြည့် တဲ့အခါမှာတော့ တိုင်းရင်းသား လူနည်းစုများရဲ့အခွင့်အရေးကို ကာကွယ်ပေးခြင်းဆိုတဲ့ခေါင်းစဉ် တစ်ခုနဲ့ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူအခွင့်အရေးနဲ့  ကျားမ တန်းတူညီမျှမှုဆိုတဲ့ ခေါင်းစဉ် နှစ်ခုကိုပဲ ဆွေးနွေးချင်တယ်ဆိုပြီး တော့မှ သူတို့ဘက်က အဆိုပြု ထားပါတယ်။ ဒီလာမယ့် တတိယ အကြိမ်ညီလာခံမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံရေး ကဏ္ဍဘက်က ဖက်ဒရယ်ကို ထင် ဟပ်နိုင်တဲ့၊ အနှစ်သာရရှိတဲ့ အနေ အထားမျိုးက အားနည်းပါတယ်’’ ဟု ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် ဦး(ငြိမ်း)က ပြောသည်။

ထို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ မူဝါဒများကဏ္ဍ တွင် ဖက်ဒရယ်ကို ပိုမိုမီးမောင်း ထိုးပြနိုင်သည့် ခေါင်းစဉ်မျိုး ဆွေးနွေးနိုင်မည်ဆိုပါက ညီလာခံရ လဒ်ကောင်းများ ရရှိမည်ဟု ၎င်း က ဆိုသည်။

အစိုးရ  ကိုယ်စားလှယ်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက လာမည့် ၂၁ ရာစုပင်လုံတွင် ဦးစားပေးဆွေးနွေးမည့် ဒီမိုကရေစီစနစ်နှင့် အခြေခံအခွင့်အရေးကိစ္စသည်လည်း များစွာ အ ရေးကြီးသည်ဟု ပြောသည်။

‘‘ဖက်ဒရယ်ဘက်မှာ အား နည်းတယ်ပြောလို့ရကောင်းရ မယ်။ ဒါပေမဲ့ ဒီမိုကရေစီဘက်မှာ တော့ တော်တော်အားသန်တယ်’’ ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးကဏ္ဍမဟုတ်သည့် လူမှုရေး၊ စီးပွားရေးနှင့် မြေယာ ကဏ္ဍများတွင် ဖက်ဒရယ်ကို အ ထောက်အကူပြုသည့်မူဝါဒများ ပေါ်ထွက်လာမည်ဟု မျှော်လင့် ကြောင်း ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။

လုံခြုံရေးကဏ္ဍနှင့်ပတ် သက်ပြီး အစိုးရနှင့် NCA လက် မှတ်ထိုးတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား   အလွတ် သဘောဆွေးနွေးရာတွင် တစ်ခု တည်းသော တပ်မတော်ကိစ္စကို များစွာ ညှိနှိုင်းခဲ့ရသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ပြောသည်။

‘‘အခု နောက်ဆုံးပြီးခဲ့တဲ့ တစ်ပတ်မှာ လုပ်ခဲ့တာကတော့ တစ်ခု တည်းသော တပ်မတော်ထားရှိ ရေးဟာ Universal Truth ဖြစ် တယ်။ သူတို့လက်ခံပါတယ်လို့ တော့ ပြောပါတယ်။ EAO တွေ အနေနဲ့။ သို့သော် ဒီတစ်ခုတည်း သော တပ်မတော်မှာရှိရမယ့် အ ချက်တွေက ဘာတွေလဲဆိုတာကို တော့ ဆက်ဆွေးနွေးမယ်လို့ ဆို ပါတယ်’’ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏လေး ကြိမ်မြောက် လုံခြုံရေးကဏ္ဍအ လွတ်သဘောဆွေးနွေးမှုကို ဇွန် လ ၁၆ ရက်တွင် ရန်ကုန်၌ ပြုလုပ် ခဲ့သည်။

တိုင်းရင်းသားများလိုလား သည့် လုံခြုံရေးဆိုင်ရာ အခြေခံမူ များကိုလည်း တစ်ခုတည်းသော တပ်မတော်ကိစ္စကို လက်ခံပါက ဆွေးနွေးမည်ဟု အစိုးရဘက်က အဆိုပြုထားသည်။

လာမည့် ၂၁ ရာစုပင်လုံတွင် လုံခြုံရေးကဏ္ဍမှ သဘောတူညီ ချက်ရနိုင်ဖွယ်ရှိသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဆိုသည်။

7Day

0 comments:

Post a Comment