Tuesday, June 19, 2018

ထိုင်းရောက်မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ၍ ထိုင်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေရ


ထိုင်းနိုင်ငံ ကဘင်ဘူရီ ခရိုင်ရှိ ပိုက်လုံးစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာလုပ်သား ၃၀၀ ခန့်အလုပ်ထုတ်ခံရ၍ ထိုင်း ဘုန်းကြီးကျောင်း၌  ခိုလှုံနေရ ကြောင်း ထိုင်းရောက်မြန်မာလုပ် သားများအရေး  ကူညီနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်း က ဇွန်လ ၁၈ ရက်တွင်ပြောသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနယ် စပ်ရှိ ပိုက်လုံးစက်ရုံ၌ အလုပ်လုပ် နေသော မြန်မာလုပ်သား ၂၇၂ ဦးကို ဇွန်လ ၁၇ ရက်တွင် ထိုင်း အလုပ်ရှင်က ယင်းနေ့ ညနေ ၄ နာရီနောက်ဆုံး စက်ရုံမှထွက်ခွာ ပေးရန် မောင်းထုတ်သဖြင့် မြန်မာလုပ်သားများ နေစရာမရှိ ၍ ထိုင်းဘုန်းကြီးကျောင်းသို့ သွား ရောက်ခိုလှုံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာလုပ်သားများသည် တစ်ရက် လုပ်အားခ ၃၁၈ ဘတ် ပေးဆောင်ရန် တောင်းဆိုခြင်းနှင့် လွန်ခဲ့သော ၂နှစ်ခန့်က ဖြတ် တောက်ထားသော လုပ်အားခ များ ရရှိရေး တောင်းဆိုရာ ထိုင်း အလုပ်ရှင်က မပေးနိုင်ကြောင်း ပြောဆိုပြီး စက်ရုံမှ မောင်းထုတ် ခဲ့ကြောင်း ကိုရဲမင်းကပြောသည်။

‘‘အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို အလုပ်ရှင်က အဲဒီနေ့မှာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်တယ်။ နောက်တော့ လုပ်မပေးနိုင်ဘူးလို့ ပြောပြီး မောင်းထုတ်လိုက်တယ်’’ဟု ၎င်း က ပြောသည်။

ဇွန်လ ၁၈ ရက်တွင် ထိုင်း စစ်တပ်အပါအဝင် ထိုင်းအာဏာ ပိုင်များက ဘုန်းကြီးကျောင်း၌ ခိုလှုံနေသော မြန်မာလုပ်သား များနှင့်  လာရောက်ညှိနှိုင်းခဲ့ သည်။

‘‘သံရုံးကိုလည်း အကူအညီ တောင်းထားတယ်။ ဒါပေမဲ့ သံရုံး ကလာပြီး ကူညီပေးရင် ကျွန် တော်တို့ကို ပြန်ပို့လိုက်မှာ ကြောက်နေတယ်။ ကျွန်တော်တို့ က ဒီမှာဆက်ပြီးလုပ်ချင်သေး တယ်’’ဟု ထိုင်းဘုန်းကြီးကျောင်း ၌ ခိုလှုံနေသော မြန်မာလုပ်သား ကိုနေပိုင်က ပြောသည်။

ထိုင်းတွင် အလုပ်လုပ်ကိုင် နေသော မြန်မာလုပ်သားများကို ဇူလိုင် ၁ ရက်ကစ၍ အလုပ်ပါမစ် မရှိခြင်းနှင့် ပိတ်ပင်တားမြစ်ထား သည့် အလုပ်များ လုပ်ကိုင်နေ ခြင်းကို စစ်ဆေးတွေ့ရှိပါက ဒဏ် ငွေပေးဆောင်ရမည့်အပြင် နိုင်ငံ သို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနက ဇွန်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ဆေးတွေ့ရှိပါက အ လုပ်သမားများသည်  ဒဏ်ငွေ ဘတ်ငါးထောင် (ကျပ်နှစ်သိန်းခန့်) မှ ငါးသောင်း (ကျပ်သိန်း ၂၀ခန့်) အထိ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့် ၂နှစ်တိတိ ပိတ်ပင်ခံရမည်ဖြစ်သည်။

ထို့အပြင် ထိုင်းရောက် မြန်မာလုပ်သားများ CI၊ ဗီဇာနှင့် အလုပ်ပါမစ်များကို ဇွန်လ ၃၀ ရက် အပြီးဆောင်ရွက်ရန် ထိုင်း အစိုးရက နောက်ဆုံးအကြိမ် ဖြေလျှော့ပေးထားသဖြင့် သတ် မှတ်ရက်အတွင်း အပြီးဆောင် ရွက်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ဇွန်လ ၉ ရက်တွင် သတိ ပေးချက်ထုတ်ပြန်ထားသည်။

အကြောင်းအမျိုးမျိုးကြောင့် အထောက်အထား လက်ဝယ်မရှိ သူများ၊ အထောက်အထားပြုလုပ် ထားသော်လည်း သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေအရ Semi Process ဖြင့် ရပ်တန့်နေရသူ များ၊ အထောက်အထားမရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက် လာသူအားလုံးသည် လက်ရှိ အခြေအနေတွင် မိမိနိုင်ငံသို့ အေးချမ်းစွာ ပြန်၍ နှစ်နိုင်ငံ သဘောတူစာချုပ် (MoU)ဖြင့် သာ ပြန်လည်ဝင်ရောက်လုပ်ကိုင် ရန် မြန်မာသံရုံးက သတိပေးထား သည်။

7Day

0 comments:

Post a Comment