Thursday, June 14, 2018

သတ်မှတ်ရမှတ် ပြည့်ရမည့်အပြင် လူတွေ့စစ်ဆေးပြီးမှသာ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လက်ခံမည် နိုင်ငံတကာဆက်ဆံရေး၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာသိပ္ပံပညာရပ်များ ၀င်ခွင့်အမှတ် အမြင့်ဆုံးဖြစ်


ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို  ဘာသာရပ်အလိုက်သတ်မှတ်ရမှတ်များ ပြည့်ရမည့်အပြင် လူတွေ့စစ်ဆေးပြီး မှသာ လက်ခံမည်ဖြစ်သည်။

ယခင်ကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် တစ်ခုတည်းဖြင့် လက်ခံတော့မည်မဟုတ်ပေ။

ရန်ကုန်တက္ကသိုလ်၌ လာ မည့် ၂၀၁၈-၁၉ ပညာသင်နှစ် တွင် ဘွဲ့ကြိုအထူးပြုဘာသာရပ် ၂၆ ခု ဖွင့်လှစ်သင်ကြားမည်ဖြစ် ပြီး ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် ကိုက်ညီပါက ဦးစားပေးဘာသာရပ် သုံးခုအထိ လျှောက်ထားခွင့်ပြုထားသည်။

ဘာသာရပ်အလိုက် ၀င်ခွင့် လျှောက်ထားနိုင်သည့် အခြေခံ သတ်မှတ်အမှတ်များတွင် နိုင်ငံ တကာဆက်ဆံရေးပညာက ရ မှတ် ၄၇၀ ဖြင့် အမြင့်ဆုံးနေရာ တွင်ရှိနေပြီး အင်္ဂလိပ်စာနှင့် ကွန် ပျူတာသိပ္ပံပညာရပ်များက ရ မှတ် ၄၅၀ ဖြင့် ဒုတိယနေရာတွင်  ရှိနေသည်။

‘‘တက္ကသိုလ်ဝင်စာမေးပွဲ ရ မှတ်ကတော့ အခြေခံသတ်မှတ် ချက်အနေနဲ့ ရှိနေဦးမှာပါ။ ဘာ သာရပ်အလိုက် ဘယ်အမှတ်တွေ ရရင် လျှောက်နိုင်မလဲဆိုတာ ကြေညာထားတယ်။ ဘာသာရပ် တစ်ခုချင်းက သူ့ကို လူတွေ့ပြန် စစ်မှာပါ’’ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခတစ်ဦးကပြောသည်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇွန်လ ၁၅ ရက်ကစကာ ရန်ကုန်တက္ကသိုလ် သိပ္ပံဆောင် ကျောင်းသားရေးရာ ဌာနနှင့် www.uy.edu.mm တွင်ရယူနိုင်ပြီး ဇူလိုင် ၁၅ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်သည်။

ဝင်ခွင့်လျှောက်ထားသူများသည် လျှောက်ထားသည့် တစ်ဘာသာချင်းအတွက် လူတွေ့ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို ဇူလိုင် ၂၃၊ ၂၅ နှင့် ၃၀ ရက်တွင် ပြုလုပ်မည်ဖြစ် သည်။

လူတွေ့မဖြေဆိုပါက ၀င် ခွင့်လက်ခံစဉ်းစားမည်မဟုတ်ဟု  ရန်ကုန်တက္ကသိုလ်က ကြေညာ ထားသည်။

ယခုနှစ် ဒီဇင်ဘာ၌ ဘွဲ့ကြိုပထမနှစ်သင်တန်းများ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂,၁၈၀ ဦး လက်ခံရန် လျာထားသည်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ နောက်ပိုင်းက စတင်၍ ၀ိဇ္ဇာ၊ သိပ္ပံ ထူးချွန်သည့် ဘွဲ့ကြိုတန်း ကျောင်းသားများကို ပြန်လည်သင်ကြားပေးနေသည်။ ၀င်ခွင့်ရရှိသူများထဲမှ သတ်မှတ်ရမှတ် ကျော်လွန်ပြီး ၀င်ခွင့်ရသူများကို တစ်လလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် တစ်နှစ်လျှင် ၁၀ လ ၀ိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများ ချီးမြှင့်သည်။

7Day

0 comments:

Post a Comment