Thursday, June 14, 2018

ငြိမ်းချမ်းရေး စကားဝိုင်းတွင် ငြိမ်းချမ်းရေး အခြေခံဥပဒေ ပြင်ဆင်ရေး၊ အဂတိ တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဓိကဆွေးနွေး ဒေသခံတစ်ဦး၏ ဆေးရုံကိစ္စမေးမြန်းမှု ပြည်နယ်လူမှုရေးဝန်ကြီး ဖြေကြားချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် သတိပေး


နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်ပြီး မွန်ပြည်နယ် ဒေသခံရှစ်ဦး ပါဝင်သည့် စကား ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂ နာရီကျော်ကြာ ပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေး၊ အဂတိတိုက်ဖျက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့သည်။


ပါဝင်ဆွေးနွေးသောလူငယ် ရှစ်ဦးသည် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ပအိုဝ်း၊ ကရင်၊ ဗမာလူမျိုး များဖြစ်ပြီး တတိယနှစ်ကျောင်း သား ကိုကျော်ဇင်ဦး၊ သူနာပြု ဆရာမ မစန်းသီရိ၊ NGO ဝန်ထမ်းခွန်ထူးအောင်၊ ငြိမ်းဖောင်ဒေးရှင်း မှ မိဇင်ဝင်းမွန်၊ ဒုတိယနှစ်ကျောင်းသူ မိယဉ်နွန်စွမ်း၊ အထည်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ မိငွေလေး၊ ကိုယ်ပိုင်ကျောင်းမှ  ကျောင်းဆရာ ကိုထွန်းထွန်းလင်း၊ စား သောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ စောကျော်မိုးတို့ဖြစ်သည်။

လူငယ်များကို ငြိမ်းချမ်းရေး သည် ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာ ရေး၊ ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေးတို့နှင့် သက်ဆိုင်၍ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား အတ္တများ ရှေ့တန်းမတင် ဘဲ ဆွေးနွေးညှိနှိုင်းရန်ပြောသည်။

နိုင်ငံအများစု၌ ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆွေး နွေးရာတွင် အစိုးရနှင့်လက်နက် ကိုင်အဖွဲ့နှစ်ဖက်အကြား သဘောတူညီမှုရရှိရေးသာ ကြိုးစားရပြီး မြန်မာနိုင်ငံတွင်မူ ပါဝင်ပတ်သက် သည့် အစုအဖွဲ့များကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

‘‘ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့များလေလေ အဖြေတစ်ခု တည်းရဖို့က ခက်လေလေပဲ။ တိုး တက်တဲ့အခါ တိုးတက်တယ်။ ရပ်သွားတဲ့အခါ ရပ်သွားတယ်။ တစ်ခါတလေ နည်းနည်းလေး တောင် နောက်ပြန်ဆုတ်တဲ့ပုံစံ မျိုးရှိတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ သွားရတာပဲ’’ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောသည်။ အခက်အခဲများ မည်မျှပင်ရှိသည်ဖြစ်စေ ပြည်သူများအတွက် ငြိမ်းချမ်းရေးကို ရှာဖွေရမည်ဟု ဒေါ်အောင်ဆန်းစု ကြည်ကဆက်ပြောသည်။

အွန်လိုင်းမှ မေးခွန်းမေးမြန်း သူတစ်ဦးက ၂၁ ရာစုပင်လုံကို ခြောက်လတစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း တစ်နှစ်ကြာသည် အထိ မကျင်းပနိုင်ဖြစ်နေသည် နှင့်ပတ်သက်၍ မှတ်ချက်ပြုပေး ရန် မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံကို သတ်မှတ်ထားသည့်အတိုင်း တစ်နှစ် နှစ်ကြိမ် ပြုလုပ်လိုသည့် ဆန္ဒရှိ ကြောင်း ပြောသည်။

‘‘ဘယ်သူက အချိန်ဆွဲလို့၊ ဘယ်သူက ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ဆိုပြီးတော့ အဲဒီလို လက်ညှိုးထိုးတဲ့ အလုပ်လုပ်ခြင်း အားဖြင့် အလုပ်ကမဖြစ်ဘူး’’ဟု ပြောသည်။ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရရှိလိုသည့် ဆန္ဒအပြည့်အဝ ရှိသည်ကိုမူ အာမခံကြောင်း ပြောသည်။ ‘‘ကျွန်မတို့အနေနဲ့ ငြိမ်းချမ်းရေးမရလို့ ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်ဘူးဆိုတာလည်း ကျွန်မတို့ လုံးဝယုံကြည်တယ်’’ဟု ၎င်းကဆိုသည်။

အွန်လိုင်းအသုံးပြုသူတစ်ဦး က စင်ကာပူတွင် ပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲမှ မြန်မာ့ငြိမ်းချမ်းရေးအတွက် မည်ကဲ့သို့ နမူနာကောင်းများ ရယူနိုင် သလဲဟု မေးမြန်းခဲ့သည်။

‘‘ဘယ်လိုနမူနာတွေ ယူနိုင် လဲဆိုတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ ဘယ် လုပ်ငန်းအတွက်ဖြစ်ဖြစ် လမ်း တစ်လမ်းကို လျှောက်လှမ်းတော့ မယ်ဆိုရင် ပထမဆုံးခြေလှမ်း တော့ လှမ်းရမှာပဲ။ အဲဒီလမ်းပေါ် မတက်ဘဲ ဒီလမ်းက ဘယ်မှမ ရောက်ပါဘူးလို့ ပြောလို့မရဘူး။ အခုဆိုလို့ရှိရင် အမေရိကန်နဲ့ မြောက်ကိုရီးယားက ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပြီပေါ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေ ကြားသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

ဆယ်ကျော်သက် ကလေး ငယ်များ အပါအဝင် မူးယစ်ဆေး ဝါးသုံးစွဲမှုများပြားနေခြင်းနှင့်ပတ် သက်ပြီး အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် မူးယစ်သုံးစွဲသူ များအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် စကားဝိုင်း တွင် ပါဝင်ဆွေးနွေးသည့် လူငယ် နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည် ထံ တင်ပြခဲ့သည်။

မွန်ပြည်နယ်တွင် မူးယစ် ဆေးဝါးကို လူကြီးနှင့် လူလတ် ပိုင်းသာမက ဆယ်ကျော်သက်လူ ငယ်များပါ သုံးစွဲနေသည်ကို တွေ့ရကြောင်း တတိယနှစ်ကျောင်း သား ကိုကျော်ဇင်ဦးက ဆွေးနွေး သည်။

ထိုသို့ သုံးစွဲမှုများနှင့်ဆက် စပ်ပြီး ခိုးမှု၊ လူသတ်မှု စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ် ပေါ်နေကြောင်း ၎င်းက ပြော သည်။

 မူးယစ်ဆေးဝါး သုံးစွဲမှု ကြောင့် ရာဇဝတ်မှုများ ပိုမိုဖြစ် ပွားနေသည့် အခြေအနေကို ဒေါ် အောင်ဆန်းစုကြည်ကလည်း ပြန်လည်ဆွေးနွေးပြီး ကလေးငယ် များ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိ မိဘများနှင့် ကျောင်းဆရာများက ဂရုစိုက်ရန် တိုက်တွန်း သည်။

ဆွေးနွေးပွဲတွင် ပါဝင်သူ မိဇင်ဝင်းမွန်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူပေးရန်နှင့် လူငယ်များအား ပြန်လည်ထူထောင်ပေးမည့် အစီအမံကောင်းများ ဆောင်ရွက်ပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသည်။

 မူးယစ်ဆေးဝါးဥပဒေသစ် တွင် ပြန်လည်ထူထောင်ရေးကိစ္စ နှင့်ပတ်သက်ပြီး ရပ်ရွာလူမှုအ သိုင်းအဝိုင်း၏ ပါဝင်မှုအရေးကြီး ပုံကို မီးမောင်းထိုးပြထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန် လည်ဆွေးနွေးသည်။

အဓိကကျသည်မှာ မိသားစုများဖြစ်ကြောင်း၊ ကလေးလူငယ်များကို မိဘ၊ ဆရာများနှင့် အသိုင်းအဝိုင်းက ထိန်းရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

‘‘ပြည်နယ်မှာရှိတဲ့ လူတော် တော်များများသိကြပါတယ်။ မူး ယစ်ဆေးဝါးကို ဖမ်းဆီးတဲ့ပုံစံတွေက အများစုက လာဘ်စားမှုတွေ ရှိတယ်လို့ ပြောကြတယ်’’ဟု မိဇင်ဝင်းမွန်က စကားဝိုင်းအပြီး တွင်ပြောသည်။

အဂတိတိုက်ဖျက်ရေး

ယခင်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်း များကို ပြန်လည်စိစစ်ပြီး စည်း ကမ်းချိုးဖောက်မှုတွေ့ရှိပါက စီမံ ကိန်းကို ယာယီ(သို့မဟုတ်)အပြီး အပိုင် ရပ်တန့်မှု ဆောင်ရွက်ပေး ရန် တောင်းဆိုကြောင်း လူငယ် အချို့၏ ဆွေးနွေးချက်နှင့်ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က လက်ရှိအစိုးရလက်ထက် တွင် စီမံကိန်းများဖော်ထုတ်ရာ၌ ပွင့်လင်းမြင်သာမှုရှိစေရန် စည်း မျဉ်းစည်းကမ်းများ ချမှတ်ထား ကြောင်း ပြောသည်။

 ‘‘ဒီအဂတိလိုက်စားမှုတွေ ဟာ တင်ဒါကိစ္စတွေနဲ့ပတ်သက် ပြီးတော့ အများကြီးဆက်နွှယ်နေ တယ်ဆိုပြီး ကြားရပါတယ်။ ဒါ ကြောင့် အဂတိလိုက်စားမှုကော်မ ရှင်ကလည်း ဒါကို အထူးအလေး ထားပါတယ်။ ကျွန်မတို့လည်း အထူးအလေးထားပါတယ်’’ ဟု ဆက်ပြောသည်။

တင်ဒါခေါ်ယူရာတွင် စည်း မျဉ်းစည်းကမ်းနှင့်ကိုက်ညီမှုရှိစေ ရန်၊ မျှတမှုရှိစေရန် တင်ဒါဝင်ပြိုင် သည့် ကုမ္ပဏီများတွင် အစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့် ပတ် သက်သည့် ကုမ္ပဏီများ ပါဝင်ပါ က အသိပေးရန် ညွှန်ကြားထား ကြောင်း ရှင်းပြသည်။

‘‘ဥပမာဆိုရင် ဝန်ကြီးတစ် ယောက်ရဲ့သမက်က ဝင်ပြိုင်ချင်တယ်ဆိုရင်လည်း ဒါ သူ့ရဲ့အခွင့်အရေးပဲ။ သို့သော်လည်း အသိပေးရမယ်။ ကျွန်တော့်သမက်က ဒီဟာကို ၀င်ပြိုင်နေပါတယ်ဆို တာ။  ဘာဖြစ်လို့လဲဆိုတော့ ဒါမှ မတော်မတရားဖြစ်မှု မရှိအောင်  သေချာအစကတည်းက ကာကွယ် စောင့်ရှောက်ထားနိုင်အောင်လို့ ဒီလို တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိအောင် ကျွန်မ တို့ လုပ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဂတိလိုက်စားမှုကင်းရှင်း ရေး ပြည်သူများတွင် တာဝန်ရှိ ကြောင်း၊ အလုပ်ပြီးစီးရေးအ တွက် ငွေကြေးပေးခြင်းမျိုးသည် ပေးသည့် သူတွင်တာဝန်ရှိသကဲ့ သို့ ယူသည့်သူတွင်လည်းအပြစ်ရှိ ကြောင်း ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

 စကားဝိုင်းဆွေးနွေးပွဲတွင်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရန် မိ ယဉ်နွန်စွမ်း၏ တိုက်တွန်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစု ကြည်က ‘‘ဆက်ပြီးတော့လည်း ဆုပ်ကိုင်ထားပါတယ်။ ဆက်ပြီးတော့လည်း လုပ်သွားမှာဖြစ်ပါတယ်’’ဟုဆိုသည်။

၂၀၁၄  လွှတ်တော်အတွင်း ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲများ၌ မည်သည့်ပုံစံဖြင့် သွားလိုသည်ဆို သည်ကို ချပြထားကြောင်း ပြော သည်။

ဒေသခံများ၏မေးမြန်းချက်ကို ၀န် ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ အားတိုက်ရိုက်ဖြေကြားစေခြင်း

စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားသို့ တက်ရောက်လာသူသုံးဦးအား ဆွေးနွေးမေးမြန်းရန် ဖိတ်ခေါ်ပြီး မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် ပြည်နယ်ဝန်ကြီးများ အား ဖြေကြားစေခဲ့သည်။ ယင်းအစီအစဉ်သည် ယခင်စကားဝိုင်းဆွေးနွေးပွဲများတွင် ပြုလုပ်ခဲ့ခြင်း မရှိဘဲ (၇)ကြိမ်မြောက် စကားဝိုင်းတွင်မှ ပါဝင်လာခြင်းဖြစ် သည်။

 ဒေသခံ ကိုမျိုးစန်းဦးက မော်လမြိုင်ဆေးရုံ ဓာတ်လှေကား ပျက်နေမှု၊ မော်လမြိုင်ဆေးရုံအ ဆင့်မြှင့်တင်ပေးရန်ကိစ္စ၊ ကျန်း မာရေးဝန်ထမ်းများ၏ ဆက်ဆံ ရေးညံ့ဖျင်းမှု၊ ဆေးရုံ၌ သန့်ရှင်း ရေးအပိုင်း အားနည်းနေခြင်းတို့ နှင့် ပတ်သက်ပြီး တင်ပြမှုအပေါ် ၎င်းက လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းကို ဖြေကြားစေခဲ့ သည်။

ဓာတ်လှေကားပျက်နေခြင်း နှင့် ပတ်သက်၍ ဒေါက်တာထိန် လင်းက ဆေးရုံတွင် အထပ်နှစ် ထပ်သာရှိသဖြင့် လူနာများကို အပေါ်သို့ အလွယ်တကူသယ် ဆောင်၍ရကြောင်း ဖြေသည်။  ယင်းသို့ဖြေကြားမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ‘‘မဟုတ်ဘူး ဆရာ ဓာတ်လှေကားရှိလား၊ ဓာတ်လှေကားရှိရင် သုံးဖို့ထားတယ်လို့ ကျွန်မ ထင်ပါတယ်။ အစကတည်းက ဘာဖြစ်လို့ မလိုလို့ရှိရင် ထည့်ထားလဲ၊ရှိရင်တော့ သုံးရမှာပေါ့’’ဟု ထောက်ပြရာ ဒေါက်တာထိန်လင်းက အမြန်ဆုံးပြန်လည်ပြင် ဆင်ပေးမည်ဟု ဖြေကြားသည်။

လူနာများသယ်ယူရေး အ လုပ်သမားအင်အား ထပ်မံခန့် ထားကြောင်း လူမှုရေးဝန်ကြီးက ဖြေကြားပြီး ဆရာဝန်များ မယဉ် ကျေးခြင်းသည် လူနာနှင့် ဆရာ ၀န်အင်အား မမျှ၍ဖြစ်ကြောင်း ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ‘‘လူနာနဲ့ ဆရာဝန်မမျှ တာနဲ့ ဆရာဝန် မယဉ်ကျေးတာနဲ့ သိပ်မဆိုင်ဘူးလေ’’ဟု  ပြောကြားရာ လူမှုရေးဝန်ကြီးက ဆရာဝန် များအနေဖြင့် လူနာများကို ဆက်ဆံရာတွင် ယဉ်ကျေးစွာ ဆက်ဆံရန် ညွှန်ကြားထားကြောင်း ပြောသည်။

‘‘ဒါပေမဲ့ သူတို့အနေနဲ့ အ လုပ်ရှုပ်တော့ စိတ်တိုတဲ့အခါ မ ချေမငံပြောမိတာလေးတွေ ရှိခဲ့ပါ တယ်’’ဟု လူမှုရေးဝန်ကြီးကဆို သည်။ ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးအနေဖြင့် မော်လမြိုင်ဆေး ရုံအခြေအနေကို ကွင်းဆင်းကြည့် ရှုပြီး အမြန်ဆုံး ပိုမိုတိုးတက် အောင် ဆောင်ရွက်ရန် ညွှန်ကြား သည်။

သံဖြူဇရပ်မြို့နယ် ဒေသခံ တစ်ဦးက ကျိုက္ခမီတွင် ဆေးရုံနှင့် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရာ၌ သတ်မှတ်ကာလကျော်လွန်သည် အထိ မပြီးစီးသေးသည့်အပြင် အ ရည်အသွေး  မပြည့်မီသည့်အပေါ် စိစစ်ပေးရန်တင်ပြခဲ့သည်။ ယင်း ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်က၀န်ကြီးချုပ်ဒေါက် တာအေးဇံအား ရှင်းလင်းရန် ညွှန် ကြားသည်။

 ဒေါက်တာအေးဇံက အ ဆောက်အုံ စံချိန်စံညွှန်းမမီသည့်ကိစ္စသည် တည်ဆောက်ရေး ကော်မတီတွင် တာဝန်ရှိကြောင်း၊  ပြန်လည်ဆန်းစစ်ကြည့်မည်ဖြစ် ကြောင်း ဖြေကြားသည်။  

ဒေါ်အောင်ဆန်းစုကြည်က ‘‘နောက်ပြီးတော့ ကျွန်မတို့ ပြည် နယ်အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ရံဖန်ရံခါ လူမှုအဖွဲ့အစည်းတွေ နဲ့တွေ့ပြီးတော့ မေးချင်တဲ့ဟာ တွေ မေးမြန်းပိုင်ခွင့်တွေ ပေးဖို့ လည်း ကျွန်မတို့ လုပ်စေချင်ပါ တယ်။ အဲဒီလိုလုပ်မှလည်း ကျွန် မတို့ ပြည်သူတွေရဲ့ လိုအပ်ချက် တွေကို ပိုပြီးတော့ အစိုးရအနေ နဲ့ ဖြည်းဆည်းပေးနိုင်မှာ ဖြစ်ပါ တယ်’’ဟု ပြောကြားသည်။

၎င်းသည် မော်လမြိုင်သို့ ယခုစကားဝိုင်းအတွက် လေကြောင်းခရီးဖြင့် နေ့ချင်းပြန် လာရောက်ခဲ့ခြင်းဖြစ်သည်။

7Day

0 comments:

Post a Comment