Wednesday, June 6, 2018

UPDJC တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ အစည်းအဝေး ပြုလုပ်


ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC (တိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့အစည်း) ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင် ယနေ့ ကျင်းပသည်။

အစည်းအဝေးသို့ UPDJC အဖွဲ့ဝင် ၁၅ ဦးတက်ရောက်ခဲ့ပြီး NCA-S EAO UPDJC ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းမှ ပြီးခဲ့သည့် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍအလွတ်သဘော ဆွေးနွေးပွဲများမှ သဘော ထားစုစည်းချက်များကို PPST အစည်းဝေးသို့တင်ပြ၍ သဘောတူညီချက် ရယူဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ အစိုးရမှ အဆိုပြုသည့် တတိယပင်လုံ အစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ကျင်းပ နိုင်ရေးကိစ္စနှင့် ပတ်သတ်၍ PPST အစည်းအဝေးတွင်တင်ပြညှိနှိုင်း၍ ညီလာခံအောင်မြင်စွာ ကျင်း ပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် NCA-S EAO ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများ ၊ နိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများကိစ္စ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ပဉ္စမလှိုင်း
The Fifth Wave News

0 comments:

Post a Comment