Tuesday, October 2, 2018

မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ် အတွင်း တရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိ



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ဝ ရက် ညနေ ၄ နာရီခန့်တွင် ဘဟဲကျေးရွာ၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ စုပုံထားသော တရားမဝင်ပိတောက်ဓား ရွေတုံး ၆ဝ တုံး(ခန့်မှန်း ၃ တန်)နှင့် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁ဝ တန် (စုစုပေါင်း ၁၃ တန်ခန့်)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ 
အလားတူ ညနေ ၅ နာရီခွဲခန့်တွင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာ၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ စုပုံထားသော တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၃ တန်ခန့်၊ သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် လေးလုံးထိုးအင်ဂျင်သုံးလုံး၊ နှစ်လုံးထိုး အင်ဂျင်တစ်လုံးနှင့် ဆက် စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်းများအား မဘိမ်းမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။



မြ၀တီ

0 comments:

Post a Comment