Tuesday, October 2, 2018

ခရီးသည်တင်ယာဉ်အား ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ



မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေးစခန်းတွင် "ရွှေမန္တလာ" ခရီးသည်တင်ယာဉ်ကို ရှာဖွေရာ ခရီးသည်တစ်ဦး၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေးစခန်းတွင် "ရွှေမန္တလာ" ခရီးသည်တင် ယာဉ်ကိုရှာဖွေရာ ခရီးသည် မခင်သင်း၏ လက်ဆွဲအိတ်အတွင်းမှ နေကြာစေ့၊ လက်ဖက်ခြောက်များနှင့်အတူ ရောနှောသိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား၊ ယာဉ်တူးဘောက်စ်ရှိ ၎င်း၏ ခရီးဆောင်အိတ်အတွင်းမှ ဆပ်ပြာခွက် ၂၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ သုည ဒသမ ၂၄ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် မခင်သင်း(၅၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

The Ladies News



0 comments:

Post a Comment