Tuesday, October 2, 2018

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား အရေးယူလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ (၃၅၅၆၃)စီးရှိ


အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား အရေးယူလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ (၃၅၅၆၃)စီးရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
စက်တင်ဘာလ ၂၉ ရက်နေ့ ည ၆ နာရီမှ ၃၀ ရက်နေ့ ညနေ ၅ နာရီချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင် နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်လာသော မော်တော်ယာဉ် (၃)စီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ်(၂) စီး၊ တံတားဦးမြို့နယ်၊ စကားအင်း တိုးဂိတ်၌ မော်တော်ယာဉ်(၈)စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် (၆)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ်(၂)စီး၊ စုစုပေါင်း မော်တော် ယာဉ်(၂၁)စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း နှင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်လာသော ယာဉ်(၃၅၅၆၃)စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ 

The Ladies News


0 comments:

Post a Comment