မိုးကုတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်နှင့် ဘိန်းဖြူဆပ်ပြာခွက်များစက်တင်ဘာ ၃၀ရက်ကဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
တပ်မတော်နှင့် လယ်ကြီးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းစခန်းရှေ့၌ ပိတ်ဆို့ရှာဖွေမှုများပြုလုပ် နေစဉ် မော်တော်ဆိုင်ကယ် ၅ စီးမှာ မောင်းနှင်ထွက်ပြေးသွားသဖြင့် သတင်းချိတ်ဆက်၍ မိုးကုတ် မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်-ပြင်ဦးလွင် သွားကားလမ်းမ ပေါ်ရှိ ပန်းမရပ်ရဲကင်းစခန်း၌ ပိတ်ဆို့ရှာဖွေခဲ့ရာ ဖြူရောင်ကျေးရွာအနီး ဝါးရုံတောအတွင်း ဆိုင်ကယ် ၂ စီးကိုရပ်ထားပြီး ဆိုင်ကယ်မောင်းနှင်လာသူများ တောအတွင်းသို့ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်များကိုစစ်ဆေးရာ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀,၀၀၀ ပြားနှင့် ဆပ်ပြာခွက် ၁၃၂ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁ ဒသမ ၅၈၄ ကီလို သိမ်းဆည်းရမိခဲ့သည်။
ယင်းနောက် ဆက်လက်ရှာဖွေခဲ့ရာ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေး ရွာအနီး လျှိုအတွင်းရှိ ချုံပုတ်အတွင်းမှ ဆိုင်ကယ် ၂ စီးကို ထပ်မံတွေ့ရှိ ရပြီး ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ် များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀,၀၀၀ ပြားနှင့် ဆပ်ပြာခွက် ၁၆၅ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁ ဒသမ ၉၈ ကီလို သိမ်းဆည်းရမိခဲ့ကာ လျှိုအတွင်းပုန်းအောင်းနေသည့် ဂူပါး အား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ထပ်မံတွေ့ရှိသဖြင့်ရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ် များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ပြားနှင့် ဆပ်ပြာခွက် ၁၁၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလို(စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၁၀,၀၀၀ ပြားနှင့် စုစုပေါင်း ဆပ်ပြာခွက် ၄၀၇ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၄ ဒ ၈၈၄ ကီလို)တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဂူပါး(၂၄)နှစ်နှင့် ကွင်းဆက်တရားခံများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ သည်။
The Ladies News
0 comments:
Post a Comment