အင်ဒိုနီးရှားရှိ အကူအညီပေးရေး လုပ်အားပေးအဖွဲ့တွေဟာ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် သေဆုံးခဲ့တဲ့ ရာနဲ့ချီတဲ့သူတွေကို ကြီးမားတဲ့ တွင်းကြီးတွေနဲ့ မြေမြှုပ်သဂြုင်္ိဟ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားပြင်း ငလျင်နဲ့ ဆူနာမီ ဝင်ရောက်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အစွန်အဖျားရှိ ဒေသတွေကို လက်ရှိ အချိန်အထိ ဆက်သွယ်လို့ မရသေးကြောင်း၊ သေဆုံးသူဦးရေ နောက်ထပ် မြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။
ကြီးမားတဲ့ စက်ယန္တရားတွေ နည်းပါးမှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ချိန်မှာ နှောင့်နေးခဲ့ရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
0 comments:
Post a Comment