မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် နိုင်ငံ ခြားခရီးသွားများထံမှ ဇုန်ဝင်ကြေး ရှစ်လအတွင်းကျပ်သန်း ၇၆၀ ရရှိကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ နိုင်ငံခြားသားဇုန်ဝင်ကြေးကောက်ခံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ်ဇန်န၀ါရီမှ သြဂုတ် အထိနိုင်ငံခြားသား ၇၅,၀၀၀ ကျော် လာရောက်၍ တစ်ဦး လျှင်ဇုန်ဝင်ကြေး ကျပ် ၁၀,၀၀၀ ကောက်ခံသဖြင့် ဇုန်ဝင်ကြေးကျပ်သန်း ၇၆၀ ကျော်ကောက်ခံရရှိခဲ့ ကြောင်း နိုင်ငံခြားသား ဇုန်ဝင် ကြေး ကောက်ခံရေးရုံးစာရင်းတွင် ဖော်ပြထားသည်။
‘‘မနှစ်က စပြီးတော့ဇုန်ဝင် ကြေးကောက်ခံရရှိငွေကို မွန် ပြည်နယ်စည်ပင်သာယာရေးအ ဖွဲ့ကို မလွှဲရတော့ဘဲ မွန်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေစာရင်းထဲကို လစဉ် ၁၀၀ ရာခိုင်နှုန်းသွင်းပေး ရပါတယ်။ အသုံးစရိတ် ၂ ရာခိုင် နှုန်းကိုတော့ မွန်ပြည်နယ်အစိုးရ အဖွဲ့ထံကနေ ပြန်တင်တောင်းရ ပါတယ်’’ ဟု နိုင်ငံခြားသားဇုန် ၀င်ကြေးကောက်ခံရေးရုံးမှတာ ၀န်ရှိသူတစ်ဦးကဆိုသည်။
ကမ္ဘာလှည့်ခရီးသွားများကို ဇုန်ဝင်ကြေးအဖြစ်နိုင်ငံခြားသားတစ်ဦးလျှင် ယခင်ကျပ် ၆,၀၀၀ ကောက်ခံခဲ့ရာမှ ၂၀၁၇ အောက် တိုဘာ ၅ ရက်ကစ၍ ကျပ် ၁၀,၀၀၀ ပြောင်းလဲကောက်ခံခဲ့ သည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ထိုင်းနိုင်ငံမှအများဆုံး လာရောက်ပြီး ဗီယက်နမ်၊ လာအို၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ စပိန်နှင့် ပြင်သစ်တို့လည်းလာရောက်ကြောင်း နိုင်ငံခြားသား ဇုန်ဝင်ကြေးကောက်ခံရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၁၇ ဇန်န၀ါရီမှ ဒီဇင်ဘာ အထိ ဆံတော်ရှင်ကျိုက်ထီးရိုးစေ တီတော်သို့ကမ္ဘာလှည့်ခရီးသွား ၁၂၀,၀၀၀ ကျော်လာရောက်ခဲ့ ကြောင်း မွန်ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ နိုင်ငံခြားသားဇုန် ၀င်ကြေးကောက်ခံရေးရုံး မှတ် တမ်းအရသိရသည်။
7Day
0 comments:
Post a Comment