Monday, October 1, 2018

မကွေးတိုင်း၌ မြို့ဝင်ကြေးဂိတ်များ ဖျက်သိမ်းပြီး၍ မြို့ဝင်စဉ် သေချာမေးမြန်း ပေးကြရန် သတိပေး


မကွေးတိုင်းရှိ မြို့အ၀င်၊အထွက်များတွင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က စတင်ကာ မြို့ဝင် ကြေး ကောက်ခံခြင်းမပြုရန်တိုင်း အစိုးရအဖွဲ့၏ညွှန်ကြားချက်အရ မြို့နယ်များတွင် မြို့ဝင်ကြေး ကောက်ခံသော ဂိတ်များကို အောက်တိုဘာ ၁ ရက်တွင်စတင်ဖျက်သိမ်းနေပြီဖြစ်သည်။ 
တိုင်းအတွင်း မြို့နယ်အချို့ ၌ လမ်းအသုံးပြုခကောက်ခံရေး ဂိတ်များနှင့် ယကက(ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်မှုကော် မတီ)များက မြို့အ၀င်တွင် ဂိတ် ထားကာ ငွေကောက်ခံလေ့ရှိသ ဖြင့် သေချာစွာမေးမြန်းပြီးမှသာ ပေးဆောင်စေလိုကြောင်း စည် ပင်သာယာရေး ကော်မတီအဖွဲ့ ၀င်များက ဆိုသည်။ 

‘‘မြို့ဝင်ကြေးကောက်ခံမှုကို ရပ်ဆိုင်းမယ်လို့ တိုင်းအစိုးရအဖွဲ့ ရဲ့ ညွှန်ကြားချက်အရ လေလံ ရောင်းချစဉ် ကာလကတည်းက မြို့ဝင်ကြေးလေလံများကို ထည့် သွင်းရောင်းချခြင်း မပြုတော့ပါ ဘူး။ ကောက်ခံဆဲခြောက်လဘတ် ဂျက်မှာ လေလံအောင်ထားသူ တွေကလည်း စက်တင်ဘာလ ကုန်မှာ ကုန်ဆုံးပြီဖြစ်တဲ့အတွက် အောက်တိုဘာ ၁ ရက်ကစပြီး ကောက်ခံခြင်းမပြုတော့ဖို့ ညွှန် ကြားပြီးပါပြီ’’ ဟု သရက်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြော ကြားသည်။ 

မြို့ဝင်ကြေး မကောက်ခံ တော့သော်လည်း အောက်တိုဘာ ၁ ရက်ကသရက်မြို့သို့လာသည့် ယာဉ်တစ်စီးကို ပုဂ္ဂလိကမော် တော်ယာဉ်ကြီးကြပ်မှုကော်မတီ က ငွေကောက်ခံရာတွင် စည် ပင်သာယာကကောက်ခံသည်ဟု ယူဆပြီး မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့သို့ အကြောင်းကြားသ ဖြင့် ဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ 

‘‘ယကကတွေကလည်း မြို့ အ၀င်မှာကောက်ခံတယ်။ လမ်း အသုံးပြုခကောက်ခံတဲ့ဂိတ်တွေ လည်းရှိတော့ အဲဒါတွေနဲ့ မှား ယွင်းပြီးစည်ပင်က ကောက်တယ် ဆိုပြီး ဖြစ်မှာစိုးတယ်။ ဒါကြောင့် မော်တော်ယာဉ်တွေအနေနဲ့ ငွေ မပေးဆောင်ခင် သေချာစွာမေး မြန်းပြီးမှ ဆောင်စေချင်ပါတယ်’’ ဟု မကွေးတိုင်းအတွင်းရှိ မြို့နယ် စည်ပင်သာယာရေးကော်မတီအ ဖွဲ့အစည်းများက ဆိုသည်။ 

အောင်လံမြို့နယ်တွင် မြို့ ၀င်ကြေးကောက်ခံသောဂိတ်များ ကို အောက်တိုဘာ ၁ ရက်က စတင်ဖျက်သိမ်းခဲ့ကြောင်း မြို့ နယ် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌဦးအောင်သန်းမြင့်က ဆိုသည်။ 

မြို့အ၀င်၊ အထွက်များ၌ ဂိတ်ဖွင့်ကာ မြို့ဝင်ကြေးကောက် ခံမှုကို ဖျက်သိမ်းခဲ့သော်လည်း ဆိုင်ကယ်နှင့်ကားဘီးခွန်တစ်နှစ် စာကို သက်ဆိုင်ရာမြို့နယ်စည် ပင်သာယာရေးအဖွဲ့များကဆက် လက်ကောက်ခံမည်ဖြစ်ကြောင်း တိုင်းစည်ပင်သာယာရေးကော်မ တီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တာဝန်ယူပြီးနောက် ပိုင်း ၂၀၁၆ တွင် ဆိုင်ကယ်များ အား မြို့ဝင်ကြေးကောက်ခံခြင်း ကို ပထမဆုံးဖျက်သိမ်းခဲ့သည်။ ထို့နောက် လမ်းမပေါ်၌ ဂိတ်ဖွင့်၍ ယာဉ်များအား မြို့ဝင်ကြေး ကောက်နေခြင်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က စတင်ဖျက်သိမ်းရန် ဩဂုတ် ၆ ရက်တွင် စာထုတ်ပြန် ညွှန်ကြားခဲ့သည်။ 

7Day

0 comments:

Post a Comment