Thursday, November 29, 2018

စပိန်တွင် ရာနှင့်ချီသည့် လုပ်သားများက ကတ်တလန်လွှတ်တော်ကို စီးနင်းရန် ကြိုးစား



စပိန်နိုင်ငံမှာ ရာနဲ့ချီတဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်သားတွေနဲ့ မီးသတ်သမားတွေဟာ နိုဝင်ဘာ ၂၈ ရက်က ဘာစီလိုနာမြို့ရှိ ကတ်တလန်လွှတ်တော်ကို ဝင်စီးနင်းဖို့ ကြိုးစားခဲ့ပါတယ်။

ပိုကောင်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တောင်းဆိုဖို့အတွက် အခုလို စီးနင်းတာလို့ ဆိုပါတယ်။
လွှတ်တော်ရဲ့ အဓိကဝင်ပေါက်တွေနားမှာ ဆန္ဒပြသူတွေ စုရုံးခဲ့ပေမယ့် ရဲတွေက သူတို့ကို ပြန်တွန်းထုတ်ခဲ့ပါတယ်။
“စကားလျှော့ပြောပြီး အရင်းအမြစ်တွေ ပိုပေးပါ” လို့ ရေးထားတဲ့ ခေါင်းစီးစာတမ်းတွေကို ဝှေ့ယမ်းရင်း ကျန်းမာရေးလုပ်သားတွေက ဆန္ဒပြခဲ့တာပါ။
ဝတ်စုံညိုနဲ့ ဦးထုပ်ဝါတွေ ဝတ်ထားတဲ့ မီးသတ်သမားတွေကတော့ သစ်သား လက်ဝါးကပ်တိုင်မှာ တွဲထားတဲ့ ပုံတူအရုပ်တခုကို မီးရှို့ရင်း မီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းဒေသက ရှေးဦးသူနာပြုသမဂ္ဂက လာမယ့်သီတင်းပတ်မှာ တနင်္လာကနေ သောကြာထိ ဆန္ဒပြဖို့လည်း ဆော်သြခဲ့ပါတယ်။
UGT မီးသတ်သမားများသမဂ္ဂကလည်း လုပ်ခလစာနဲ့ အလုပ်ချိန်အရေး အာဏာပိုင်တွေနဲ့ သဘောတူညီချက် မရခဲ့တဲ့နောက်ပိုင်း ဆန္ဒပြဖို့ ဆော်သြထားပါတယ်။


0 comments:

Post a Comment