Thursday, November 29, 2018

ဝန်ထမ်းလေ့ကျင့်ရေးကျောင်းများ စနစ်ဟောင်း အတွေးအခေါ်များ ပို့ချသည့်စနစ် ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ဝန်ထမ်းလေ့ကျင့်ရေးကျောင်းများသည် ဝန်ထမ်းများကို စနစ်ဟောင်းပုံစံခွက်အတွေးအခေါ် သင်ရိုးများပို့ချနေပြီး ယင်းစနစ်ပြောင်းလဲရန် လိုအပ်ကြောင်း ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စုလွှတ်တော်တွင် ယမန်နေ့က ထောက်ပြခဲ့သည်။ 
‘‘နောင်သင်တန်းဆင်းတွေ ဒီလိုမဖြစ်အောင် အဲဒီပုံစံခွက်တွေ ကိုလည်း ပြောင်းလဲဖြစ်ဖို့ လိုပါ တယ်’’ဟု မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းက ပြော သည်။ 

ဝန်ထမ်းလေ့ကျင့်ရေးသင် တန်းကျောင်းဖြစ်သည့် ဖောင်ကြီးသင်တန်းသည် အုပ်ချုပ်သည့် အစိုးရအဆက်ဆက်၏ မူဝါဒ၊ အတွေးအခေါ်များကို ဝန်ထမ်း ဦး နှောက်ထဲ ရိုက်သွင်းသည့် နေရာတစ်ခုအဖြစ် နာမည်ကြီးကြောင်း ၎င်းက ထောက်ပြသည်။ 

‘‘အုပ်ချုပ်သူအစိုးရနဲ့ အမြင်မတူသူများကို တိုင်းပြည်ရဲ့ရန် စွယ်အဖြစ် ရှုမြင်လာအောင် ပို့ချ တတ်ကြပါတယ်’’ဟု ဦးမျိုးဝင်း က ပြောသည်။ 

နောက်ဝန်ထမ်းလေ့ကျင့် ရေးကျောင်းဖြစ်သည့် ဇီးပင်ကြီး သင်တန်းကျောင်းကိုလည်း ပြည် သူလူထုက အထက်ပါအတိုင်း ​ရှုမြင်သည်ဟု ၎င်းက ဆိုသည်။ လူမှုကွန်ရက် စာမျက်နှာ တွင် ပျံ့နှံ့သော ‘ဇီးပင်ကြီး စစ် တမ်း’ ဟုဆိုပြီး ခေတ်သာပြောင်း သော်လည်း သင်တန်းဆရာများ က လူဟောင်းပီပီ ခေါက်ရိုးကျိုး နေသည့် အစွဲ၊ အီမိုးရှင်းများနှင့် သင်ကြားနေဆဲဖြစ်ကြောင်း၊ ရေး သားထားသည်ကို တွေ့မြင်ရ ကြောင်း ဦးမျိုးဝင်းက ပြောသည်။ 

ထို့ကြောင့် ‘သင်ရိုးတွေကို Reform လုပ်ဖို့ ပြင်နေသလို အိပ် မက်ထဲ ထယောင်ရင်တောင် ဒီ အသံပဲထွက်တဲ့ အခုလို သင်တန်း ဆရာမျိုးတွေကိုလည်း လူလဲ ကစားဖို့ လိုနေပြီလို့ ထင်မိပါ တယ်’’ဟု ၎င်းက ဆိုသည်။ 

အစိုးရဝန်ထမ်း လောက တွင် ဆရာမွေး၊ တပည့်မွေးပြီး မိမိအမျိုးမှ ရာထူးတိုးပေးခြင်းကို ပြင် ဆင်ပြီး ရာထူးကို ဖြတ်လမ်းနည်း ဖြင့် ရယူခြင်းကင်းသည့် ဝန်ထမ်း လောကကို ဖော်ဆောင်ပေးရန် ဦးမျိုးဝင်းက တိုက်တွန်းသည်။ 

လက်ရှိ အစိုးရယန္တရားတွင် တတ်ထားသည့် ပရော်ဖက်ရှင် နယ်ပညာနှင့် မိမိထမ်းဆောင်ရ မည့် တာဝန်နှင့် မည်သို့မျှမဆိုင်ပါ က ခန့်အပ်ခြင်းများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

ဝန်ထမ်းအချို့သည် စွမ်း ဆောင်ရည်မြင့်အောင် မိမိအလုပ် တွင် ပရော်ဖက်ရှင်နယ်ကျအောင် အပြင်းအထန် ကြိုးစားသော်လည်း မိုးပေါ်က တဖြုတ်ဖြုတ်ကျလာသည့် အထက်အရာရှိများကိုကြည့်ပြီး စိတ်ဓာတ်ကျကာအလုပ်ခွင်၌ စိတ်မပါတော့၍ အလုပ်ထွက်ကြောင်း ၎င်းက ပြောသည်။ 

‘‘ကျန်ရစ်ခဲ့သူကလည်း ရာ ထူးတိုးမှာထက် ငွေရလွယ်တဲ့ လမ်းလိုက်ကြရင် ဒီနိုင်ငံရဲ့ဗျူရို ယန္တရားကြီးဟာ မလုပ်၊ မပြုတ် မရှုပ်တွေနဲ့ အချောင်ရ၊ အချောင် ယူတိုးပွားလာပြီး အခုထိကျဆုံး သွားရခြင်းဖြစ်ပါတယ်’’ဟု ဦးမျိုး ဝင်းက ဆိုသည်။ 

ဝန်ထမ်းများသည် လုပ်ပိုင် ခွင့်ကို အကြောင်းပြုပြီး ပြည်သူ များကို ကျပ်ခြင်း၊ ချက်ချင်းလုပ် ပေး၍ ရသော်လည်း အချိန်ဆွဲ ကာ မိမိထံလာသူကို ဝန်ဆောင်မှု ပေးရမည့်အစား မမြင်ချင်ယောင်ဆောင်ကာ ငွေပေးမှ အဆင်ပြေ နေကြောင်း ဦးမျိုးဝင်းက ပြော သည်။ 

‘‘အခုလည်း ဝန်ထမ်းလော က ကို ကြည့်ရင် ကျန်းမာရေးက အစ အုပ်ချုပ်ရေး၊ တရားရေး၊ လုံခြုံရေး၊ အစိုးရဌာနအဖွဲ့အ စည်းတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် ပြည်သူတွေအတော်စိတ် ပျက်နေကြပါတယ်’’ဟု ၎င်းက ဆိုသည်။ 

နိုင်ငံတော်သမ္မတထံမှ ပေး ပို့ထားသော ပြည်ထောင်စုရာထူး ဝန်အဖွဲ့၏စီမံအုပ်ချုပ်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များဆိုင်ရာ နိုင်ငံတ ကာပူးပေါင်းဆောင်ရွက်ရေးအ ဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက် ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရန် ကိစ္စကို ဆွေးနွေးရာတွင် ဦးမျိုး ဝင်းက ပြောကြားသည်။ 

ပြည်ထောင်စုရာထူးဝန်အ ဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက နှစ်ပေါင်း (၅၀)ကျော် (၆၀)ခန့်ရှိ လာသည့် လေ့ကျင့်မှုအနေအ ထားကို ၂ နှစ်ကျော်အတွင်း ပြန်လည်ပြုပြင်ရေးအစီအမံများချ၍ ဆောင်ရွက်နေကြောင်း ပြန်လည် ပြောဆိုသည်။ 

‘‘နိုင်ငံ့ဝန်ထမ်းတစ်ယောက် ရဲ့ စံတန်ဖိုးက ရိုးသားရမယ်၊ ဖြောင့်မတ်ရမယ်၊ ဘက်လိုက်မှု ကင်းရှင်းရမယ်၊ ဓမ္မဓိဌာန်ကျရ မယ်ဆိုတဲ့ တန်ဖိုးကို အခြေခံပြီး သင်ကြားနေခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။ 

စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းများဖြစ်လာစေရန် သင် တန်းများ ပို့ချနေရုံနှင့် ထွက်ပေါ်လာမည်မဟုတ်ဘဲ လက်တွေ့မြေ ပြင်အခြေအနေကို လေ့လာရမည့် အပြင် ၎င်းတို့အတွက် တောက်ပ သည့် အနာဂတ်မျှော်လင့်ချက် များကို ပုံဖော်ပေးထားရမည့်အ ပြင် လက်တွေ့ခံစားနေရသည့် အခက်အခဲ စိုးရိမ်ပူပန်မှုများကို လည်း ဖြေရှင်းပေးရမည်ဖြစ် ကြောင်း ဦးမျိုးဝင်းက ပြောသည်။

7Day

0 comments:

Post a Comment