Friday, November 30, 2018

ဘင်္ဂါလီဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဖိအားပေးဖို့ နီပေါအစိုးရကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆို


ဘင်္ဂါလီဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဖိအားပေးဖို့ နီပေါအစိုးရကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပါတယ်။ 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နီပေါနိုင်ငံခရီးစဉ် စတင်ခဲ့နေ့မှာ အခုလိုတောင်းဆိုခဲ့ကြတာလို့ The Daily Star သတင်းစာက ဖော်ပြလာပါတယ်။ 

၂၀၁၈ အာရှ-ပစိဖိတ် ထိပ်သီးညီလာခံကို တက်ရောက်ဖို့ နီပေါနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံသမ္မတ၊ ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံဖို့ရှိနေတာပါ။ 

အဲဒီလိုတွေ့ဆုံရာမှာ ဘင်္ဂါလီဒုက္ခသည်တွေ လုံခြုံစိတ်ချမှုရှိရှိ နေရပ်ပြန်နိုင်ဖို့နဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နည်းလမ်းတကျ စုံစမ်းစစ်ဆေးဖို့ နီပေါအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းအောင် ပြောဆိုသင့်တယ်လို့လည်း နီပေါနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် မိုန အန်ဆရီက ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နီပေါကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်အမှာစကားပြောကြားခဲ့သလို နီပေါ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

MCN

0 comments:

Post a Comment