Friday, November 30, 2018

တရားလို ဦးမိုးနိုင်​၏ စုံစမ်းစစ်​​ဆေးစဉ်​က​တွေ့ရှိချက်​များကိုပြန်​လည်​​စစ်​​ဆေး


အဂတိလိုက်​စားမှုနှင့်​တရားစွဲဆိုခံထားရသည့်​ ဥပဒေအရာရှိဟောင်း ၅ ဦးကို ယ​နေ့​နေ့လည်​ပိုင်းက ရန်​ကုန်​တိုင်း​ဒေသကြီး တရားလွှတ်​​တော်​တွင်​ ရုံးထုတ်​စစ်​​ဆေးခဲ့သည်​။ 
အဆိုပါရုံးချိန်းတွင်​ တရားလို အဂတိလိုက်​စားမှုတိုကဖျက်​​ရေး စုံစမ်း​စစ်​​ဆေး​ရေားအဖွဲ့​​ခေါင်း​ဆောင်​ ဦးမိုးနိုင်​ကို စစ်​​ဆေးခဲ့ပြီး စုံစမ်းစစ်​​ဆေးစဉ်​က ​တွေရှိချက်​များအား ပြန်​လည်​​စစ်​​​ဆေးခဲ့ခြင်းဖြစ်​သည်​။ 

ယင်းအပြင်​ တရားခွင်​အတွင်းတွင်​ တရားစွဲဆိုခံထားရတဲ့ ဥပဒေအရာရှိဟောင်း၏လာဘ်​ပေး လာဘ်​ယူခဲ့တဲ့ ငွေကြေးပမာဏများနှင့်​ လက်​ခံတဲ့သူတွေအကြောင်းကိုထွက်​ဆိုခဲ့သည်​။ 

အဆိုပါစစ်​​ဆေးမှုသည်​ ယခုအပတ်​ရုံးချိန်​စတွင်​ပြီးဆုံးခြင်းမရှိ​သေးသည့်​အတွက်​ ​နောက်​အပတ်​ရုံးချိန်းတွင်​ တရားလိုအားဆက်​လက်​စစ်​​ဆေးသွားမည်​ဖြစ်​သည်​။ 

အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးမှ ကျပ်သိန်း ၁၅၀ ၊ဘလူးလေဘယ်လ် တစ်လုံးနှင့်​အင်္ကျီတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ် တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှ ကျပ်သိန်း ၃၀နှင့်​ပါတိတ်လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်မှ ကျပ်သိန်း ၃၀၀၊ ရဲအုပ် ချစ်ကိုကိုမှ ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်မှ ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး ကပြောကြားထားသည်။ 

အဆိုပါ အဂတိလိုက်​စားမှုနှင့်​တရားစွဲဆိုခံထားရသည့်​ ဥပဒေအရာရှိဟောင်း ၅ ဦးသည်​ ​အောင်​ရဲ​ထွေ​သေဆုံးမှုနှင့်​ပတ်​သက်​သည့်​ စွပ်​စွဲခံရသူ သုံးဦးအား ဇူလိုင်​လ ၂၅ ရက်​​နေ့တွင်​ ၄င်းတို့အား စွဲဆိုထားသည့်​ ပြစ်​မှုကို ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​တရားရုံးမှ ရာဇဝတ်​ ကျင်​ထုံးဥပ​ဒေ ပုဒ်​မ ၄၉၄(က) အရ ရုတ်​သိမ်းခွင့်​ပြု​ကြောင်း အမိန့်​ချမှတ်​ခဲ့ပြီး​နောက်​ နိုင်​ငံ​တော်​မှတရားလိုပြုလုပ်​၍တိုင်​တန်းခဲ့ခြင်းဖြစ်​သည်​။ 


သော်​လင်းထက်
The Fifth Wave News

0 comments:

Post a Comment