Thursday, November 29, 2018

ကျောင်းသားတဦးကို သတ်ဖြတ်မှုဖြင့် ဖိလစ်ပိုင်ရဲဝန်ထမ်း ၃ ဦးကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်


အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတဦးကို သတ်ဖြတ်မှုနဲ့ ရဲဝန်ထမ်း ၃ ဦးကို ပြစ်မှုထင်ရှားကြောင်း ဖိလစ်ပိုင်တရားရုံးက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
ဒါဟာ သမ္မတ ဒူတာတေးလက်ထက် မူးယစ်တိုက်ဖျက် စစ်ဆင်ရေးအတွင်း ပထမဆုံးအကြိမ် ပြစ်ဒဏ်စီရင်တာပဲ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်က ကီယန်လွိုက်ဆိုသူ ကျောင်းသားကို သတ်ဖြတ်မှုနဲ့ ရဲဝန်ထမ်း ၃ ဦးကို ကလူကန်မြို့ ဒေသဆိုင်ရာ တရားရုံးက ထောင်ဒဏ်အနှစ် ၄၀ အထိ ချမှတ်ခဲ့တာပါ။ 

သူတို့ကို ခံဝန်ကတိနဲ့ လွှတ်ခွင့်မရှိဘူးလို့လည်း တရားရုံးက ဆိုပါတယ်။ 

အဲဒီကျောင်းသား သေဆုံးမှုဟာ ပြည်သူလူထုအတွင်း ဂယက်ရိုက်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေက ဒါဟာ ရဲဝန်ထမ်းတွေရဲ့ ကွပ်မျက်မှုတွေနဲ့ စနစ်တကျ ညှဥ်းပန်းမှုတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံမှာ ၂၉ လတာ ပြုလုပ်ခဲ့တဲ့ မူးယစ်တိုက်ဖျက် စစ်ဆင်ရေးအတွင်း လူပေါင်း ၅ ထောင်နီးပါး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment