Thursday, November 29, 2018

ဦးနေမျိုးအောင်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး ရန်ကုန်တိုင်းလွှတ်တော်တွင် ကတိသစ္စာပြု



ကြားဖြတ်ရွေးကောက် ပွဲတွင် အနိုင်ရရှိသည့် ဦးနေမျိုး အောင်နှင့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ခြောက်ဦးတို့သည် ယမန်နေ့ကပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ကတိသစ္စာပြုခဲ့သည်။ 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏ ယခုနှစ်အတွင်း ပထမဆုံး အထူးအစည်းအဝေးကို ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်)တွင်ကျင်းပကာ ယင်းလွှတ်တော် ကိုယ်စားလှယ်များ၏ ကတိသစ္စာ ပြုအစီအစဉ် ထည့်သွင်းခဲ့သည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်ဦးနေမျိုး အောင်သည် နိုဝင်ဘာ ၃ ရက် တွင် ပြုလုပ်သည့်ကြားဖြတ်ရွေး ကောက်ပွဲ၌ ဆိပ်ကမ်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂)တွင် ၀င် ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦးသည် အစားထိုးခြင်းဖြစ်သည်။ 

ဦးနေမျိုးအောင်သည် ကြား ဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါ တီဝင်ကိုယ်စားလှယ်လောင်းဦး သန်းထိုက်အောင်နှင့် အကြိတ် အနယ်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဦးနေမျိုးအောင် သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လေးဦးမြောက် ကိုယ်စားလှယ် လောင်းဖြစ်လာသည်။ 

ထိုသို့တိုင်းဒေသကြီးလွှတ် တော်တွင် ကတိသစ္စာပြုပြီး နောက် လွှတ်တော်တွင်းဆောင် ရွက်မည့်အခြေအနေကိုမေးမြန်း ရန်ဆက်သွယ်သော်လည်း ဖုန်း ကိုင်ဖြေကြားခြင်းမရှိပေ။ 

လက်ရှိတွင် ဦးနေမျိုးအောင် အပါအ၀င် သုံးဦးကိုချေးငွေကိစ္စ နှင့်ပတ်သက်၍ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုဥပဒေပုဒ်မ ၅၈ (က) ဖြင့် ဆိပ်ကမ်းမြို့မရဲစခန်း၌ဒီချုပ် ပါတီဝင်တစ်ဦးက အမှုဖွင့်ထားသည်။


7Day

0 comments:

Post a Comment