Thursday, November 29, 2018

အောက်တိန်းတစ်လီတာကို (၈၀၀)ကျော် နဲ့ဒီဇယ်တစ်လီတာကျပ်(၁၀၀၀)အောက် ပြန်ရောက်လာတဲ့ စက်သုံးဆီဈေး


(၆)လကျော် မြင့်တက်နေခဲ့တဲ့စက်သုံးဆီဈေးနှုန်းက အခုရက်ပိုင်းမှာဆက်တိုက်ကျဆင်းလာပြီး ရန်ကုန်အထိုင်ဈေးအရ အောက်တိန်းတစ်လီတာကို (၈၁၅)ကျပ်နဲ့ဒီဇယ်တစ်လီတာကို (၁၀၀၀)အောက်အထိ ပြန်လည်ရောက်ရှိလာပါတယ်။ 
အခုဈေးနှုန်းက ရန်ကုန်မြို့က အထိုင်ဈေးနှုန်းဖြစ်တာကြောင့် နယ်တွေမှာတော့ ဒေသအလိုက်သယ်ယူပို့ဆောင်ခပေါ်မူတည်ပြီးကွာခြားသွားမှာဖြစ်ပါတယ်။ 

ကမ္ဘာ့ရေနံဈေးနှုန်းကလည်း အကျဖက်မှာရှိနေပြီးရေနံစိမ်းတစ်စည်ကို ဒေါ်လာ(၅၀)အောက်ပြန်လည်ရောက်ရှိလာတာကြောင့်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းက ပြန်လည်ကျဆင်းလာတာပါ။ 

ကမ္ဘာ့ရေနံဈေးကကလည်း (၆)လအတွင်း အနိမ့်ဆုံးအနေအထားမှာရှိနေခဲ့ကာ စင်ကပူနိုင်ငံက စက်သုံးဆီဈေးနှုန်း ကျဆင်းလာမှုကြောင့်လည်း ပြည်တွင်းဈေးကွက်ကိုသက်ရောက်မှုရှိလာတာဖြစ်ပါတယ်။ 

စက်သုံးဆီဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် နိုင်ငံခြားငွေလည်းနှုန်းကတော့ တစ်ဒေါ်လာကို (၁၅၈၀)ဝန်းကျင်မှာရှိနေဆဲဖြစ်ပါတယ်။

Popular News Journal 


0 comments:

Post a Comment