Thursday, November 29, 2018

လှိုင်မြို့နယ်အတွင်းရှိ သမဝါယမပိုင်ဆိုင်ခန်း ၈၉ ခန်း၏ တစ်နှစ်စာငှားရမ်းခမှာ ကျပ်သိန်းတစ်ထောင်ကျော်သာ ရှိနေ


လှိုင်မြို့နယ်အတွင်းရှိ သမဝါယမဆိုင်ခန်း ၈၉ ခန်း၏ တစ်နှစ်စာငှားရမ်းခမှာ ကျပ်သိန်းတစ်ထောင်ကျော်သာ ရရှိနေကြောင်း နိုဝင်ဘာလ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ကျင်းပပြုလုပ်သည့်အထူးအစည်းအဝေးမှ သိရသည်။ 
နိုဝင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက လှိုင်မြို့နယ်အတွင်း သမဝါယမဆိုင်ခန်း မည်မျှရှိသနည်းနှင့် တိုက်ခန်းများ၏ ငှားရမ်းခ မည်မျှရရှိသည်ကို မေးခွန်းမေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ထွန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ဝန်ကြီးက ဖြေကြားရာတွင် လှိုင်မြို့နယ်အတွင်း၌ သမဝါယမအသင်းပေါင်း ၅၁ သင်း ရှိရာ ထုတ်လုပ်မှုကဏ္ဍတွင် ခြောက်သင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၂၀ သင်းနှင့် ကုန်သွယ်မှုကဏ္ဍတွင် ၂၅ သင်းရှိကြောင်း၊ အသင်းပေါင်း ၅၁ သင်းအနက် အဆောက်အဦနှင့် တိုက်ခန်းပိုင်ဆိုင်သော အသင်းမှာ ၂၄ သင်းရှိကြောင်း၊ ယင်း ၂၄ သင်းတွင် တိုက်ခန်းပေါင်း ၃၉ ခန်းနှင့် အသင်းပိုင် အဆောက်အဦ ၂၂ လုံးရှိပြီး ထိုအဆောက်အဦများကို အခန်းများ ထပ်မံဖွဲ့ခဲ့ရာ အခန်းပေါင်း ၅၀ ရှိပြီး မူလ ၃၉ ခန်းနှင့် ပေါင်းလျှင် စုစုပေါင်း ၈၉ ခန်းရှိကြောင်း သိရသည်။ တိုက်ခန်း ၃၉ ခန်း၏ တစ်လဝင်ငွကျပ်သိန်း(၅၂ ဒဿမ ၆၅၀၀၀)၊ တစ်နှစ် ဝင်ငွေကျပ်သိန်း((၆၃၁ ဒဿမ ၈၀၀၀၀)၊ အခန်းပေါင်း ၅၀ ၏ တစ်လဝင်ငွေ ကျပ်သိန်း(၃၅ ဒဿမ ၂၃၀၀၀)၊ တစ်နှစ်ဝင်ငွေကျပ်သိန်း (၄၂၂ ဒဿမ ၇၆၀၀၀)၊ စုစုပေါင်း အခန်း ၈၉ ခန်း၏ တစ်နှစ်ဝင်ငွေမှာ ကျပ်သိန်း ( ၁၀၅၄ ဒဿမ ၅၆၀၀၀) ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ 

သမဝါယမအသင်းများမှ ပိုင်ဆိုင်သော အဆောက်အဦများကို အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းခြင်းဖြစ်ပြီး စီမံခန့်ခွဲရာမှ ရရှိလာသော ဝင်ငွေများကို ၄င်းသက်ဆိုင်ရာ သမဝါယမအသင်း၏ ငွေစာရင်းသို့ ဝင်ရောက်ကြောင်းလည်း သိရသည်။ 

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment