Friday, November 30, 2018

ရွှေထည်အပ်နှံထားသူကို ပြည်သူ့ လွှတ်တော်အမတ်၏ မိခင်ဖြစ်သူ၊ရွှေဆိုင်ပိုင်ရှင်က ရေနွေးပူဖြင့် လောင်းမှု့ ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့၊မင်းရပ်တွင် ရွှေထည်လာရောက်ရွေးယူသည့်အမျိုးသမီးတစ်ဦးကို ရွှေဆိုင်ဖွင့်လှစ်ထားသောအမျိုးသမီးတစ်ဦးက ရေ နွေးပူဖြင့် ပက်လောင်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရေနွေးပူဖြင့် ပက်လောင်းခံရသည့် အသက် ၃၃ နှစ်ရှိ ဒေါ်မိုးသူဇာမှာ အဆိုပါ အိမ်သို့ ပုံမှန်ဝင်ထွက်နေသူဖြစ်ကာ ရေနွေးပူဖြင့်ပက်လောင်းသည့် အသက် ၇၂ နှစ်အရွယ်ဒေါ်ညွန့်ညွန့်မှာ ပန်းတောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၏ မိခင်ဖြစ်ကြောင်း သိရသည်။ 

နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ၄ နာရီကပန်းတောင်းမြို့ မင်းရပ် ရပ်ကွက်နေ ဒေါ်မိုးသူဇာ (ခ)မိုးလေး (၃၃)နှစ် (ဘ)ဦးသန်းကြည်သည် လွန်ခဲ့သော(၁၂)ရက်ခန့်က ၎င်းထံမှ ဝန်လိုရပ်ကွက်နေ ဒေါ်ညွန့်ညွန့်(ဘ)ဦးချစ် မောင် ဌားရမ်းထားသော ရွှေလက်စွပ်(မောင်းကွင်းတန်ဖိုး ၁၂၂၀၀၀ကျပ် )အားပြန်ပေးရန်ချိန်းဆိုထား၍ သွားရောက်တောင်းခဲ့ရာမှ နှစ်ဦးစကားများခဲ့ကြောင်း၊ ဒေါ်ညွန့်ညွန့်က ၎င်း၏နေအိမ်ဧည့်ခန်းတွင် မမိုးသူဇာ (ခ) မိုးလေးအား ကော်ပုံးအနက်ဖြင့်ထည့်ထားသောရေနွေး ပူများဖြင့်ပက်သဖြင့် မမိုးသူဇာ(ခ)မိုးလေးတွင် ရေနွေးပူလောင်ဒဏ်ရာများရရှိခဲ့သည့်အတွက် မမိုးသူဇာ (ခ) မိုးလေးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပန်းတောင်းမြို့မရဲစခန်းက (ပ)၁၀၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ဖြင့် အမှု့ဖွင့်လှစ်ပြီး ဒုရဲအုပ်ပြည့်ဖြိုးဝင်းက လက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

ထို့ အတူ တိုင်ကြားခံရသူဒေါ်ညွန့်ညွန့်ကလည်း မမိုး သူဇာ(ခ)မိုးလေး (၃၃)နှစ်(ဘ)ဦးသန်းကြည်သည် ဒေါ်ညွန့်ညွန့်ထံပေါင်နှံထားသော ရွှေလက်စွပ်အား ရွာပြန်ရန်ရှိ၍ ခေတ္တပြန်ပေးရန်နှင့် ငွေငါးသောင်းကျပ် ချေး ပေးရန် ပြောခဲ့ကြောင်း၊ဒေါ်ညွန့်ညွန့်က ငြင်းခဲ့သည်ကိုမကျေနပ်၍ "အကူညီတောင်းရင် မပေးချင်ဘူး" ဟု အော်ဟစ်ပြောဆိုကာ ဒေါ်ညွန့်ညွန့်၏လည်ပင်းအား ညှစ်၍ အုတ်နံရံဘက်သို့ ဆောင့်တွန်းခဲ့၍ လည်ပင်းနာကျင်ဒဏ်ရာ၊ခေါင်းမူး (ပြင်ပလူနာ မစိုးရိမ်ရ) ရရှိခဲ့သည်ဟုဆိုသည်။နေအိမ်မီးဖိုခန်းအတွင်းဝင်ရောက်ပြီး လည်ပင်းညစ်၍ အုပ်နံရံဘက်သို့ စောင့်တွန်းသူ မမိုးသူဇာ (ခ)မိုးလေးအား အရေးယူပေးရန် ဒေါ်ညွန့်ညွန့်က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပန်းတောင်းမြို့မရဲစခန်းက (ပ)၁၀၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၂၃ဖြင့် အမှု့ဖွင့်လှစ်ပြီးထားကြောင်း သိရသည်။ 

ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကို ပြည်တွင်းမီဒီယာများက ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဆက်သွယ်၍ မရခြင်းများလည်း ရှိခဲ့သည်။ 

သို့ သော် ဧရာဝတီသတင်းဌာနက အဆိုပါသတင်းနှင့်ပတ်သက်၍ ဖော်ပြထားရာတွင် " ဒေါ်ခင်နှင်းသစ်ကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ လွှတ်တော်တက်နေလို့ သူအနေနဲ့ အကြောင်းစုံ မသိရသေးကြောင်းနဲ့ သူနဲ့မသက်ဆိုင်ကြောင်း၊သူ့မိခင်ကိုလည်း သတင်းဌာနတွေလာရောက်မေးမြန်းတာတွေမလုပ်ဖို့ ပြောဆိုပါတယ်" ဟု ဖော်ပြထားသည်ကို တွေ့ ရသည်။ 



Photo Creditး ဦးငယ်(ပန်းတောင်း) 
The Ladies News

0 comments:

Post a Comment