Thursday, November 29, 2018

လဟယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် ၁၅ လုံး မီးလောင်၊ လူ ၁၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

လဟယ်မြို့နယ်တွင် နေအိမ် ၃၈ လုံးသာရှိသည့် ကျေးရွာတစ်ရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်၍ နေအိမ် ၁၅ လုံး ဆုံးရှုံးခဲ့သည်။ 
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ကပ္ပလံဒေဝေါကျေးရွာတွင် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီခန့်က နှစ်နာရီခန့် ကြာ မီးလောင်မှုကြောင့် လူ ၁၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း လဟယ်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကယ်က ပြောသည်။ 

‘‘ဒီဒေသမှာ မီးဖိုက နေအိမ် အလယ်မှာထားလေ့ရှိတယ်။ ထမင်းဟင်းချက်ပြုတ်ပြီး တောင်ယာတောကို သွားကြတာ။ မီးကြွင်းမီးကျန်ကတစ်ဆင့် မီး လောင်မှု ဖြစ်ပွားတယ်လို့ သိရပါ တယ်’’ဟု ၎င်းကပြောသည်။ 

တောင်ယာသွားချိန် မီး လောင်၍ လူကြီးနှင့် ကလေးအချို့သာ ကျန်ခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိပေ။ 

‘‘တောင်ကုန်းတွေမှာ အ ပေါ်၊ အောက် တစ်ဆက်တည်း အိမ်ဆောက်ထားတာဆိုတော့ အိမ်တစ်လုံး မီးလောင်ရင် အိမ်အနီးပတ်ဝန်းကျင်အကုန် ကူးစက် လောင်ကျွမ်းတာပါ။ အဲဒီရွာမှာ ရေကလည်း ရှား၊ လူကလည်း မရှိ ဆိုတော့ မီးလောင်ရင် ဒီအတိုင်း ထိုင်ကြည့်နေရုံပဲပေါ့’’ဟု ဦးကယ် က ပြောသည်။မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာဌာနများက သွားရောက်စစ်ဆေးနေသည်။ 

7Day

0 comments:

Post a Comment