Friday, November 30, 2018

စပိန်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်းပင်အား ဆန္ဒပြမှုဖြစ်ပွား


တရုတ်သမ္မတရှီကျင်းပင်ဟာ အခုလ(၂၈)ရက်က စပိန်နိုင်ငံမက်ဒရစ်မြို့ကိုသွားရောက်ခဲ့ပါတယ်။သူသွားရောက် စဉ်အတွင်း နေရာအသီးသီးမှာလူတွေစုဝေးပြီး သမ္မတရှီကိုကြိုဆိုတဲ့အဖွဲ့တွေရှိသလို ဆန္ဒပြသူတွေလည်းရှိခဲ့ပါ တယ်။
ဆန္ဒပြသူတွေဟာ တရုတ်နိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးချိုးဖောက်မှု တွေရှိတဲ့အတွက်ကြောင့် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။အဲဒီခရီးစဉ်အတွင်း Iberian ၀က်သားကို တရုတ်နိုင်ငံကို တင်ပို့ဖို့နဲ့ပတ်သက်ပြီးတရုတ်နဲ့စပိန်နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့တရုတ်အစိုးရပါဝင်တဲ့ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံစီမံကိန်းဖြစ်တဲ့ပိုးလမ်းမသစ်ကိစ္စရပ်တွေမှာစပိန်ဘက်ကလက်မှတ်ရေးထိုးမှာ မဟုတ်ဖူးလို့စပိန်အစိုးရသတင်းအရင်းအမြစ်အရသိရကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။


One News Myanmar


0 comments:

Post a Comment