Friday, November 30, 2018

(၂၀၁၉)မှစတင်ကာ လုပ်ငန်းလိုင်စင်မရှိသည့်ကျောင်းကားများအစား တိုင်းအစိုးရမှဝယ်ယူထားသည့် ကျောင်းကားများဖြင့်အစားထိုးမည်


ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနသည့်ကျောင်းကားများကို လုပ်ငန်းလိုင်စင်ပြုလုပ်ရန် အသိပေးထားပြီး သတ်မှတ်စည်းကမ်းချက်အတိုင်းမလိုက်နာသည့် ကျောင်းကားများကို ပြေးဆွဲခွင့်ပိတ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝယ်ယူထားသည့် ကားများဖြင့်ပြောင်းလဲအသုံးပြုသွားရန် YRTAကစီစဉ်နေသည်။ 
"ဒီဇင်ဘာ တစ်လအချိန်ရပါသေးတယ်။ကျောင်းကားတွေကိုလုပ်ငန်းလိုင်စင် လုပ်ဖို့အသိပေးထားပြီးသားပါ။ဒါကိုမလိုက်နာရင်တော့ နှစ်ကုန်တာနဲ့ပြေးစွဲခွင့်ပိတ်တော့မှာပါ။ဒီကားတွေအစား တိုင်းအစိုးရအဖွဲ့ကကားတွေနဲ့ပြေးဆွဲသွားဖို့ရှိပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။ 

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများကို စနစ်ကျသောကျောင်းကားစနစ်ဖြစ်လာစေရန် စီစဉ်နေပြီးသတ်မှတ်ချက်အတိုင်း မလိုက်နာသည့်ကျောင်းကများကို လာမည့်နှစ်မှစတင်ကာ ပြေးဆွဲခွင့်ပိတ်မည်ဟု ဆိုခြင်းဖြစ်သည်။ 

ရန်ကုန်တိုင်းအတွင်း ကျောင်းကားစနစ်အသုံးပြုနေသည့် အခြေခံပညာကျောင်း (၁၈)ကျောင်းတွင် ကျောင်းကားစံနှုန်းသတ်မှတ်ချက်များအတိုင်းသာ ပြေးဆွဲရန်စီစဉ်နေခြင်းဖြစ်သည်။ 

Popular

0 comments:

Post a Comment