Friday, November 30, 2018

ဂျာမန်ဝန်ကြီးချုပ် စီးနင်းလာသည့် လေယာဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ


ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ်လ် သူစီးနင်းလာတဲ့ Konrad Adenauer အမည်ရှိ A340 လေယာဉ်ဟာ G20 ထိပ်သီးအစည်းအဝေးကိုသွားရောက်စဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ 
ဟာသာဘာလင်မြို့ ကထွက်လာပြီး တစ်နာရီအကြာမှာ စက်ပစ္စည်းချို့ယွင်းမှုကြောင့် ဂျာမနီနိုင်ငံအနောက်မြောက်ဘက် Cologne-Bonn လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။ လေယာဉ်စက်ချို့ယွင်းမှုကြောင့် မာကယ်လ် အပါအ၀င် အခြားခရီးသည်တွေဟာ လေယာဉ်ပေါ်ကနေ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ 

အဲဒီနောက်မှာတော့ မာကယ်လ်နဲ့ အတူဘဏ္ဍာရေးဝန်ကြီး Olaf Scholz ဟာ Bonn မြို့ရှိ ဟိုတယ်ကိုသွားရောက်ခဲ့ကြပြီး နောက်ထပ် လေကြောင်းလိုင်း အသစ်နဲ့သွားရောက်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ အခုလိုဖြစ်ပွားခဲ့တဲ့အတွက် မာကယ်လ်ရဲ့ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေမှာ နှောင့်နှေးမှုတွေဖြစ်ခဲ့ပါတယ်။ 

မာကယ်လ်ဟာ အာဂျင်တီးနားမှာပြုလုပ်မယ့် နှစ်ရက်တာ အစည်းအဝေးအတွင်း အမေရိကန်နိုင်ငံအပါအ၀င် တရုတ်၊ရုရှား၊အိန္ဒိယနိုင်ငံတွေနဲ့နှစ်နိုင်ငံချင်း ဆွေးနွေးမှု တွေပြုလုပ်မှာဖြစ်ကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 

One News Myanmar


0 comments:

Post a Comment