Thursday, November 29, 2018

လူကုန်ကူးသူများ ခေါ်လာသည့် မြန်မာနိုင်ငံသား ၃၁ ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး


ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမ၀င် လူမှောင်ခိုတင်ပို့နေသည့် တော တွင်းစခန်းတစ်ခုတွင် ခိုလှုံနေ သော မြန်မာနိုင်ငံသား ၃၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 
မလေးရှားနိုင်ငံသို့ ပို့ဆောင် ရန် လူကုန်ကူးသူများ တရားမ၀င် ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံ သား ၃၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင် ဟတ်ရိုင်မြို့နယ်ရှိ အဝေး ပြေးလမ်းမအနီးတွင် နိုဝင်ဘာ ၂၈ ရက်က တွေ့ရှိခြင်း ဖြစ်သည်။ 
ထို့အပြင် မြန်မာနိုင်ငံသား များကို တရားမ၀င်ပို့ဆောင်ရန် လူကုန်ကူးသူများ အသုံးပြုနေ သည့် တောတွင်းစခန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ 

ဖမ်းဆီးခံရသည့် မြန်မာနိုင် ငံသား ၃၁ ဦးကို လူကုန်ကူးသူ များက ကော့သောင်းမြို့မှတစ် ဆင့် ခေါ်ဆောင်လာခြင်းဖြစ် ကြောင်း မဲဆောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမား ကွန်ရက် (MMNT) အထွေထွေအတွင်း ရေးမှူး ဦးမိုးကြိုးက ပြောသည်။ 

‘‘ထိုင်းကျေးရွာသားတွေက သတင်းပို့တိုင်ကြားလို့ တွေ့သွား တာလို့ သိရတယ်။ လူကုန်ကူး တဲ့သူတွေကတော့ လုပ်နေမှာပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေက ဒီ လိုခေါ်ဆောင်တာကို လိုက်သင့်၊မလိုက်သင့် ကိုယ့်အသိတရားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ထိုင်းမှာ အလုပ်မသွင်းပေးဘဲ မလေးရှားကို အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်ဆောင်တာက သတိထားရမယ့် ကိစ္စဖြစ်တယ်’’ဟု ဦးမိုးကြိုးက ပြောသည်။ 

နိုဝင်ဘာ ၁၄ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် ထိုင်းနိုင်ငံတောင် ပိုင်း ရနောင်းခရိုင်အတွင်း တရား မ၀င်ရောက်ရှိလာသော မြန်မာ လုပ်သား ၁၄၅ ဦးကို ထိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံ ရသော မြန်မာလုပ်သားများကို တစ်ပတ်ကြာ ထိန်းသိမ်းပြီး နိုဝင် ဘာ ၂၁ ရက်တွင် ထိုင်းအာဏာ ပိုင်များက ရနောင်းမြို့မှ ကော့ သောင်းမြို့သို့ ပြန်လည်ပို့ဆောင် ပေးခဲ့သည်။ 

၂၀၁၅ မေလကလည်း ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနှင့် နယ်ခြားဒေသအနီး လူမှောင်ခို တင်ပို့သူများ အသုံးပြုခဲ့သည့် လျှို့ဝှက်တောတွင်း စခန်းတစ်ခု တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံမှ ဘင်္ဂါလီများဟု ယူဆရသူများ၏ ရုပ်အလောင်းများမြှုပ်နှံထား သည့် သင်္ချိုင်းနေရာ ၃၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ 

ထိုင်းနိုင်ငံအပါအ၀င် ပြည် ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံ သားများအနေဖြင့် လူကုန်ကူးမခံ ရရေးနှင့် လိမ်လည်ခံရခြင်းများ ဖြစ်ပွားနေသောကြောင့် မှန်ကန် သော ရွှေ့ပြောင်းသွားလာမှုဖြစ် ရေး ပြည်ပနိုင်ငံများသို့ တရားဝင် နည်းလမ်းဖြင့် သွားရောက်လုပ် ကိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊ အလုပ်သမားသံအရာရှိရုံး က နိုဝင်ဘာ ၁၇ ရက်တွင် သတိ ပေးထုတ်ပြန်ထားသည်။ 

7Day

0 comments:

Post a Comment