Friday, November 30, 2018

အင်ဒိုနီးရှားမှာ ထောင်ဖောက်မှုဖြစ်ပွားလို့  အကျဉ်းသား ၉၀ ခန့်  ထွက်ပြေးလွတ်မြောက်



အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အကျဉ်းထောင်တစ်ခုမှာ ထောင်ဖောက်မှုဖြစ်ခဲ့ပြီး အကျဉ်းသားတွေဟာ ထောင်စည်းရိုးကို ချိုးဖျက်ကာ ထွက်ခဲ့ကြတာကြောင့် အကျဉ်းသား ၉၀ လောက် လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ ၀တ်ပြုဖို့ အတွက် စုဝေးနေကြတယ်လို့  ထင်ရချိန်မှာ အကျဉ်းသားတွေက ထောင်ဖောက်သွားခဲ့ကြတာဖြစ်ကြောင်း အရာရှိတစ်ဦးက နိုဝင်ဘာ ၃၀ ရက်နေ့ မှာ ပြောခဲ့ပါတယ်။ 
  
နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ဘန်ဒါအာချေးပြည်နယ် အကျဉ်းထောင်မှာ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ထောင်ဖောက်ထွက်ပြေးသူတွေထဲက အချို့ ကိုတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခင်းဖြစ်ချိန် အကျဉ်းထောင်မှာ ထောင်သား ၇၂၆ ဦးရှိနေခဲ့ပြီး ယင်းထဲက ၁၁၃ ဦး ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ “ သူတို့် ထဲက ၂၃ ဦးကို ပြန်ဖမ်းမိထားပေမယ့် အခြားလွတ်မြောက်နေသူတွေကိုတော့ ဆက်ရှာနေကြဆဲပါ” လို့  တရားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ အဒီကူဆမန်တို က ပြောဆိုခဲ့ပါတယ်။

မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ငံမှာ အကျဉ်းသားတွေ စုဝေး၀တ်ပြုဖို့ အတွက် အချုပ်ခန်းတွေထဲကနေ အပြင်ထုတ်ပေးရလေ့ရှိပါတယ်။ ဒါပေမဲ့လည်း အကျဉ်းသားတွေထဲက အချို့ ဟာ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထောင်စည်းရိုးကို အလေးမ၀ိတ်တုံးတွေနဲ့ ဖျက်ကာ ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့  ကူဆမန်တိုက ပြောပါတယ်။ ရဲတပ်ဖွဲ့ က လွတ်မြောက်သွားသူတွေကို အပူတပြင်းပိုက်စိပ်တိုက်ရှာနေပြီး အကျဉ်းထောင်မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ထောင်ဖောက်မှုဖြစ်ပွားချိန်မှာ အကျဉ်းထောင်စောင့် ရဲတပ်ဖွဲ့ ဝင် ၁၀ ဦးပဲရှိခဲ့တယ်လို့ လည်း သိရပါတယ်။ 
  
အင်ဒိုနီးရှားနိုင်ငံမှာ ထောင်ဖောက်မှုဖြစ်စဉ်တွေဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ် သလိုဖြစ်နေကာ ထောင်သားတွေပြည့်နှက်နေတဲ့ အကျဉ်းထောင်တွေမှာ အစစအရာရာချို့ ယွင်းမှုတွေရှိနေပြီး အကျဉ်းသားတွေ မကြာခဏ ထောင်ဖောက်ထွက်ပြေး ကြလေ့ဖြစ်နေပါတယ်။ 


AKon Thi

0 comments:

Post a Comment