Friday, November 30, 2018

မြန်မာ့ဘောလုံး ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် တနှစ်အတွင်း ၁၁ ဆင့်တက်လာ


မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅၀ ရှိနေရာကနေ အခုနှစ် နိုဝင်ဘာလမှာတော့ အဆင့် ၁၃၉ ကို တက်လာပါတယ်။ 
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာတော့ မြန်မာက အရင်လကထက် နှစ်ဆင့်တက်လာပြီး ကမ္ဘာ့အဆင့် ၁၃၉ နဲ့ အာဆီယံဒေသတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ 

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ဗီယက်နမ်ကတော့ နှစ်ဆင့်ထပ်တက်လာပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အဆင့် ၁၀၀ ထိ အမြင့်ဆုံး စံချိန်တင် တက်လာပါတယ်။ 

ဖိလစ်ပိုင်ကလည်း နှစ်ဆင့်တက်ပြီး ကမ္ဘာ့အဆင့် ၁၁၄၊ ထိုင်းက သုံးဆင့်တက်ပြီး ၁၁၈၊ အင်ဒိုနီးရှားက ၁၆၀၊ စင်ကာပူက ၁၆၅၊ မလေးရှားက ၁၆၇၊ ကမ္ဘောဒီးယားက ၁၇၂၊ မလေးရှားက ၁၇၄၊ လာအိုက ၁၈၄၊ ဘရူနိုင်းက ၁၉၅ နဲ့ တီမောက ၁၉၆ အသီးသီး ရပ်တည်နေပါတယ်။ 

DVB

0 comments:

Post a Comment