MRTV 4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ပုဂံမြို့သူဇာတ်ကားမှာပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် မေမြင့်မိုရ်က ဇာတ်ကားရိုက်ရင်း ဝင်ပူးခံခဲ့ရတယ်ဆိုတဲ့ခံစားမှုကို ခုလိုပြောပြပါတယ်။
ပုဂံရောက်တိုင်းကိုယ်နဲ့ ရင်းနှီးနေသလို ခံစားရတယ်...ကိုယ့်ရဲ့ ရိုက်ကူးရေးတော်တော်များများကလည်း ပုဂံမှာရိုက်ဖြစ်တာများတယ်..ကိုယ်တိုင်လည်း ပုဂံမြေရောက်ရင်ပျော်တယ်...ပုဂံမြို့သူဇာတ်ကားရိုက်မယ်ဆိုတုန်းက ခံစားချက်က အစမှာဘာမှမဖြစ်သေးဘူး...တကယ်ရိုက်ကူးရေးပေါ်ရောက်မှ ဝင်ပူးတယ်ဆိုတာမျိုးထက်ပေါ့လေ...အဲ့ဒီ့ရိုက်ကူးရေးမှာတော်တော်လေး အမှတ်တရတွေရလိုက်တယ်...ပုဂံခေတ်အဝတ်အစားတွေဝတ်ပြီးရင်လည်း ဘုရားတွေမှာရိုက်တဲ့အခါ အလိုလိုငိုချင်လာတယ်...ရိုက်ကူးရေး မှာမူးလဲသွားတဲ့အထိဖြစ်ပြီး ဘာမှမသိတော့ဘူး...ပြီးတော့ ရိုက်နေတဲ့အချိန်မဟုတ်လည်း တစ်ခါတလေငိုမိတာတွေရှိတယ်...ကန်တော့ပွဲပေးတဲ့အချိန်တွေဆို ပိုပြီးတော့ မျက်ရည်ကျတာတွေ အဲ့လိုခံစားရတာတွေရှိတယ်...ရှူတင်နားချိန်တောင် ရင်ထဲမှာ ဝမ်းနည်းနေတာမျိုးရှိတယ်...ပုဂံနဲ့ရေစက်ပါတယ်ထင်ပါတယ်...တစ်ချို့ကျတော့ မယုံကြည်တဲ့သူတွေရှိတယ်လေ..အဲ့ဒါကို စိတ်ဝင်စားအောင်လုပ်တယ်လို့ ပြောတာမျိုးတွေရှိတယ်...ဒါပေမယ့် ဒါက ညီမ ကိုယ်တွေ့ဖြစ်သလို ရှူတင်အဖွဲ့သားတွေလည်းကြုံကတာဆိုတော့ ကိုယ်တိုင်ကြုံမှသိမယ့်အရာတွေပါ..လို့ ပြောခဲ့ပြီး...ပုဂံမြို့ကိုလည်း ချစ်တယ်လို့ဆိုပါတယ်...။
ပုဂံမြေကိုချစ်တယ်...အခုနောက်ပိုင်း ပြုပြင်ပြောင်းလဲမှူတွေလုပ်မယ်လို့ကြားတော့ တကယ့်မြန်မာ့အထင်ကရသာမက ကမ္ဘာမှာပါစိတ်ဝင်စားတဲ့ နေရာဖြစ်လို့ အကောင်းဆုံးဖြစ်စေချင်တယ်...။
ပုဂံမြို့သူဇာတ်ကားနဲ့ ပတ်သက်ပြီးပရိသတ်ကြီးကိုပြောချင်တာက ဒါက စိတ်ဝင်စားစရာကောင်းသလို ကြည့်လို့ကောင်းမယ့်ဇာတ်ကားပါလို့ ဒါရိုက်တာရော မေမြင့်မိုရ် တို့သရုပ်ဆောင်တွေရော၊ ရိုက်ကူးရေးအဖွဲ့သားတွေရော အားလုံးစိတ်ရောကိုယ်ပါကြိုးစားထားကြလို့ အားပေးပါလို့...။
Tomorrow News Journal
0 comments:
Post a Comment