Friday, November 30, 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် လယ်ထဲ ရေသွင်းသွားစဉ် ရုတ်တရက်သေဆုံး


စကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန့်သည် ယနေ့ နိုဝင်ဘာလ ၃၀ရက် နံနက်ပိုင်းက လယ်ကွင်းထဲ ရေသွင်းသွားရာမှ ရုတ်တရက် သေဆုံး သွားခဲ့ကြောင်း သိရသည်။ 
စစ်ကိုင်တိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွှန့် သည် ၄င်း၏ နေအိမ်မှ အနောက်ဘက်(၁)မိုင်ခန့်အကွာရှိ လယ်ကွင်း ယနေ့ မနက် ပိုင်းရေသွင်းသွားရာမှ သေ ဆုံး နေသည်ကို တူအရင်းဖြစ်သူ ကိုအေးကျော် (၃၀)နှစ်ခန့်မှ စတင်တွေ့ရှိကာ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သဖြင့် ဟုမ္မလင်းမြို့နယ်မှူး ရဲမှူးကိုကိုနိုင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ဦးသန်းညွှန့်မှာ မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ 

ဦးသန်းညွှန့်သည် နိုဝင်ဘာလ ၃၀ ရက်နေ့ ယနေ့နံနက် ၆ နာရီအချိန်ခန့်က နေအိမ်မှ လယ်ကွင်းသို့ ခနွှဲဖြင့် ရေသွင်းရန် တစ်ဦးတည်း ထွက်သွားခဲ့ခြင်းဖြစ်ပြီး တူဖြစ်သူ ကိုအေးကျော်မှ လယ်တောသို့ လိုက်သွားစဉ် နံနက် ၁၀ နာရီ အချိန်ခန့်က သေဆုံးလျက်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။ 

သေဆုံးသူ ဦးသန်းညွှန့်မှာ အသက် ၆၆ နှစ် ရှိပြီဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ ရှိကြောင်း ဇနီးဖြစ်သူ၏ ပြောပြချက်အရ သိရသည်။ 

လက်ရှိတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန် သေဆုံးမှုနှင့် ပတ်သက်၍ ဟုမ္မလင်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၈ ဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

AKon Thi

0 comments:

Post a Comment