Thursday, November 29, 2018

ရာဘာစိုက်ပျိုးထုတ်လုပ်မှုအတွက် DFID နှင့် WWF တို့မှ ကန်ဒေါ်လာနှစ်သန်းခွဲနီးပါး ရင်းနှီးမြှုပ်နှံမည်


ကမ္ဘာ့ရာဘာထုတ်လုပ်မှုအပြောင်းအလဲ၌ အထောက်အကူပြုရန် ရည်ရွယ်ကာ တီထွင်ဆန်းသစ်သောစီမံကိန်းတစ်ခုတွင် DFID နှင့် WWF တို့မှ ဒေါ်လာ ၂ ဒဿမ ၄ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Dana Facility ၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။ 
အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေရှည်တည်တံ့သောရာဘာထုတ်လုပ်မှုကို ပံ့ပိုးပေးရန် အဓိကရည်ရွယ်ထားကြောင်း၊ ယင်းရင်းနှီးမြှုပ်နှံမှုကို တနင်္သာရီတိုင်းဒေသကြီး ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (TRPPA)မှ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ထားဝယ်ရွှေပြည်ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ WWF နဲ့အတူ ဒီစီမံကိန်းကို အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ရာဘာထုတ်လုပ်မှုအတွက် ပြောင်းလဲမှုကို မြင်ရတာဟာ သိပ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတ္တမမြောက်အကြီးဆုံး ရာဘာထုတ်လုပ်သူ ဖြစ်တဲ့အတွက် ဒီစီမံကိန်းဟာ နွမ်းပါးသူလယ်သမားတွေရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပိုမိုတိုးတက်လာစေဖို့ အလားအလာများစွာရှိပါတယ် ” ဟု DFID၏ အဖွဲ့ခေါင်းဆောင် Tom Coward က ပြောသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ့သတ္တမအကြီးဆုံး ရာဘာထုတ်လုပ်သူဖြစ်ပြီး ရာဘာသည် နိုင်ငံ၏အကြီးမားဆုံးပို့ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို အသေးစားလုပ်ကိုင်ထုတ်လုပ်သူပေါင်း ၂၅၀ နှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်ခံသော စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုများမှတစ်ဆင့် ၄င်းတို့၏ ဝင်ငွေကို ပိုမိုတိုးတက်စေနိုင်မည်ဖြစ်ကာ ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းပိုမိုထွက်ရှိစေနိုင်ကြောင်း သိရသည်။


(အကုန်သိသတင်းဌာန)


0 comments:

Post a Comment