Thursday, November 29, 2018

ထားဝယ်စီမံကိန်း ဆက်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ထိခိုက်နစ်နာခဲ့သူများကို ပြန်လည်ကုစားပေးရန်လိုအပ်


ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ဆယ်နှစ်ပြည့်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ စတင်နိုင်ခြင်းမရှိသေးသည့်အတွက် အဆိုပါစီမံကိန်းကို ဆက်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ စီမံကိန်းကြောင့် ဖြစ်ပေါ်ခဲ့သည့်ပြသနာများကို အရင်ဖြေရှင်းပြီး ထိခိုက်နစ်နာခဲ့သည့်သူများကို ပြန်လည်ကုစားပေးရန်လိုအပ်ကြောင်း ဒေသခံများက ထုတ်ဖော်ပြောကြားလိုက်ကြသည်။ 
အထူးသဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် နေရာဖယ်ပေးလိုက်ရသည့် ဒေသခံများက မျှော်လင့်ချက်များအတိုင်းဖြစ်မလာခဲ့မှုအပေါ် နစ်နာမှုများကို ပြန်လည်ပေးဆပ်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ အသိပေးလိုသည့်အတွက် မီဒီယာများမှတစ်ဆင့်ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ " အခုဆို ၁၀ နှစ်လောက်ရှိပြီ။ မဖြေရှင်းသေးတဲ့ ပြသနာတွေ အများကြီးကျန်သေးတယ်။ မသေချာမရေရာမှုတွေ စိုးရိမ်သောကတွေကို ဒေသခံလူထုတွေက ဆယ်စုနှစ်လောက် ခံစားခဲ့ရတာ။ ရပ်ရွာလူထုရဲ့အမြင်ကို လေးစားဖို့လိုသလို ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ လျော်ကြေးနဲ့ နေရာရွှေ့ ပြောင်းမှုလုပ်ငန်းစဉ်တွေဟာ အရေးကြီးပါတယ် " ဟု Earth Rights International မှ အကြံပေး ဦးဘိုဘိုအောင်က ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အီတာလျံထိုင်းကုမ္ပဏီဘက်က ငွေကြေးအင်အားမတောင့်တင်း၍ စီမံကိန်းနှောင့်နှေးနေရခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စီးပွားရေးဇုန်သည် မြန်မာနိုင်ငံတောင်ပိုင်းတွင်ရှိသော စက်မှုဖွံဖြိုးရေးစီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများလျော့ချခြင်း၊ အခွန်လျော့ချရန် ကမ်းလှမ်းခြင်းများနှင့် အနည်းဆုံးလုပ်ခလစာအတွက် လိုအပ်ချက်များကို လျော့ချခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအား ဆွဲဆောင်ရန်ီမံထားသာ အထူးစီးပွားရေးဇုန်သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ 

ယင်းစီမံကိန်းပြီးမြောက်ပါက ရေနက်ဆိပ်ကမ်း၊ ရေနံသန့်စင်စက်ရုံ၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာနှင့် ရေနံဓာတုပစ္စည်းစက်ရုံ၊ စက်မှူလုပ်ငန်းဆိုင်ရာစက်ရုံများနှင့် လုပ်ငန်းဆောင်တာများ ၊ ရေလှောင်ကန်ကြီးများနှင့် ထားဝယ်မှ ထိုင်းနိုင်ငံ၊ ကန်ချနာပူရီသို့ဆက်သွယ်မည့်လမ်းကြောင်းများ ပါဝင်ကြောင်း သိရသည်။

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment