Thursday, November 29, 2018

မြန်မာမှာ အကြွေး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံ ရှိသည့်အနက် တရုတ်သို့ပေးရန် အကြွေး ဒေါ်လာ ၄ ဘီလီယံကျော်ရှိ


မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပြန်လည်ပေးဆပ်ရန် ရှိနေသည့် အကြွေးပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိကြောင်း ယမန်နေ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း အစီရင်ခံစာတွင် ထုတ်ပြန်သော အစိုးရကိန်းဂဏန်းဇယားများအရ သိရှိရသည်။ 
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့်အဖွဲ့အစည်းများသို့ အကြွေးဆပ်ရန် ငွေကြးပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံရှိသည့်အနက် တရုတ်နိုင်ငံသို့ ပေးရန် ၄ ဘီလီယံ၊ ဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ နီးပါး၊ IDA ခေါ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနီးပါး၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်းပေါင်း ၇၉ ၄ ဒသမ ၉၈၀၂ သန်း ၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB သို့ အမေရိကန်ဒေါ်လာသန်း ၅၇၂ ဒသမ ၅၀၇ သန်း ၊ ADB ခေါ် အာရှဖွံ့ဖြိုးရေးထံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၇၂ ဒသမ ၅၀၇ သန်း၊ ပြင်သစ်နိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၃၆ ဒသမ ၃၀၀ သန်း၊ အိန္ဒိယ နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၄ ဒသမ ၀၀၂၊ အခြားပေးဆပ်ရန် အမေရိကန်ဒေါ်လာ သန်း ၄၁၇ ဒသမ ၀၉ ၇ သန်းရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

NLD အစိုးရလက်ထက် ၂နှစ်တာ ကာလအတွင် နိုင်ငံခြားချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၀၀ ကျော် ချေးယူခဲ့သော်လည်း ဒေါ်လာ ၉ ၁ သန်းကျော်သာ အသုံးပြုထားသည်ဟု လွှတ်တော် ပြည်သူ့ ငွေစာရင်း အစီရင်ခံစာအရ သိရှိရသည်။ 

၁၉၈၈ ခုနှစ်မတိုင်မီကာလအတွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၂၁၆ ဒသမ ၈၆၁ ၊ ၁၉ ၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၀ မှ ၂၀၁၁ အထိကာလ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၄၄ ဒသမ ၁၉ ၇၊ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၁၄၇ ဒသမ ၆၇၇ ၊ ၂၀၁၆-၂၀၁၇ မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ NLD အစိုးရလက်ထက်တွင် အကြွေး အမေရိကန်ဒေါ်လာသန်းပေါင်း ၃၈၄၄ ဒသမ ၃၉ ၀ ရှိခဲ့ကြောင်း ငွေစာရင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

Khit Thit Media 

0 comments:

Post a Comment