Friday, November 30, 2018

အင်းတော်မြို့နယ်တွင် တရားမဝင်ကျောက်စိမ်းများဖမ်းမိ



စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာ(၂၉)ရက် ည(၇)နာရီက တရားမဝင် ကျောက်စိမ်းမျိုးစုံ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ နဘား ရဲကင်းစခန်းမှူးဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနားကားလမ်း နန့်မကျိုင်းလမ်းဆုံမှာ စောင့်ဆိုင်းနေစဉ် မိုးညှင်းကနေ အင်းတော်ဘက်ကို မောင်းနှင် လာတဲ့ ခြောက်ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ 

အဲဒီလိုစစ်ဆေးရှာဖွေရာ တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်း အရွယ်အစားမျိုးစုံ (၁၃၇)တုံး၊ လက်ကောက်ကွင်း အကြမ်းအထုပ်(၁၃၀)၊ လက်ကောက်ပုံကြမ်းဖြတ်စပြား (၈၃)ပြားနဲ့ ရိုးရိုးဖြတ်စ (၁၇)ပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

တရားမဝင်ကျောက်စိမ်းတွေ သယ်ဆောင်လာတဲ့အဲဒီယာဉ်မောင်းကို အင်းတော်မြို့မရဲစခန်းက ကျောက်မျက်ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။ 




One News Myanmar

0 comments:

Post a Comment