Thursday, November 29, 2018

ထိုင်ဝမ်ရေလက်ကြားက ကန် စစ်သင်္ဘောနှစ်စီးကိစ္စ တရုတ် စိုးရိမ်



ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန် ရေတပ်စစ်သင်္ဘောနှစ်စီး ရောက်ရှိနေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။ 

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား စီစဉ်ထားတဲ့ တွေ့ဆုံပွဲ မတိုင်ခင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုလိုက်တာပါ။ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ထိုင်ဝမ် ဟာ အရေးပါပြီး အထိမခံတဲ့ကိစ္စဖြစ်တယ်လို့လည်းပြောပါတယ်။ 

ဒါ့ပြင် အမေရိကန် ရေတပ်စစ်သင်္ဘောတွေရဲ့ သွားရာလမ်းကြောင်းကို အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ပြောပါတယ်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ လာမယ့်စနေနေ့ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမယ့် ညီလာခံတခုကို တက်ရောက်ရင်း၊ ညီလာခံပြင်ပမှာ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။ 

Photo: US Navy
RFA

0 comments:

Post a Comment