ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့ အစည်းများ အမည်ခံပြီး ကုန်တင် ယာဉ်များ အခွန်မဆောင်ဘဲ ဖြတ် သန်းသွားလာနေသဖြင့် ပြည်သူများက အစိုးရအပေါ် ဝေဖန်မှု များရှိနေကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောသည်။
နိုဝင်ဘာ ၂၈ ရက်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည့် မြဝတီကုန်သွယ်ရေးဇုန်အ တွင်း သွင်းကုန်၊ ထုတ်ကုန်မော် တော်ယာဉ်များ ဖြတ်သန်းမှုနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် တိုင်းရင်းသားငြိမ်းချမ်းရေး အဖွဲ့အစည်းများ၏ အခက်အခဲ များကို ဥပဒေအရ ကူညီဖြေရှင်း ပေးရန် အဆင်သင့်ရှိနေပြီး အ ခွန်ပေးဆောင်ခြင်းအားဖြင့် ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရန် တစ်ဖက် တစ်လမ်းမှ ကူညီပေးရာရောက် ကြောင်း ဝန်ကြီးချုပ်က ပြော သည်။
‘‘အခွန်ပေးဖို့ ပြောတာပါ။ ခင်ဗျားတို့က အခွန်ဆောင်ရ မယ်။ ဆောင်တဲ့အခွန်နဲ့ လမ်း တွေလုပ်ပေးနေတယ်။ ခင်ဗျားတို့ နေရာတွေ၊ ဒေသတွေ တိုးတက် အောင် လုပ်ပေးနေတယ်။ ပညာရေးတွေ လုပ်ပေးနေတယ်။ ဝန်ကြီး ချုပ်ကြီးက ဒီလိုပြောသွားတာပါ’’ ဟု အစည်းအဝေးသို့ တက် ရောက်ခဲ့သည့် ကရင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသန်းနိုင်က ပြောသည်။
အခွန်ဆောင်သည့် အဆိုပါ အဖွဲ့အစည်းများကို အခွန် မဆောင်မနေရ ဆောင်ရမည် ဆိုကာ ခြိမ်းခြောက်၍လည်း မရကြောင်း၊ ထိုသို့ ခြိမ်းခြောက် မည်ဆိုပါက ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ပျက်စီးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ဝန်ကြီးချုပ်ကတော့ သူ့ စေတနာပေါ့လေ။ ဂုဏ်သိက္ခာရှိ ရှိနဲ့ တရားဝင်စီးပွားရေးလုပ်ငန်း တွေကို လုပ်ကိုင်စေချင်တယ်။ နောက်ပြီးတော့ ရသင့်ရထိုက်တဲ့ အခွန်ငွေတွေကို ပေးအပ်ပြီးတော့ ပေါ့။ အဲဒါတွေကို ဖြစ်စေချင် တယ်။ ဒီလိုပဲ ဖြစ်သင့်တာပေါ့။ ဒါမှလည်း လိုအပ်တဲ့ နေရာတွေ မှာ သုံးလို့ရမှာလေ’’ဟု KNU ဆက်ဆံရေးရုံး (ဘားအံ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငြိမ်းချမ်းရေးအဖွဲ့အစည်း အမည်ခံ၍ တိရစ္ဆာန်နှင့် အသား များ တရားမဝင်တင်သွင်းခြင်း၊ ပို့ဆောင်ခြင်းများ လုပ်ကိုင်နေ သည်ကို တွေ့ရပြီး ယင်းတို့မှာ ငြိမ်းချမ်းရေးအဖွဲ့အစည်းအမည် ခံသာဖြစ်ပြီး နောက်ကွယ်တွင် စီးပွားရေးသမားများလည်း ရှိနေ ကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီး ဦးစောမြင့်ဦးက အစည်းအ ဝေးသို့ တင်ပြသည်။
အခွန်မဆောင်သည့် ကုန်တင်ကားများမှာ သတ်မှတ်ထား သည့် ကုန်သွယ်ရေးဇုန်အတွင်း ရှိ ဂိတ်ပေါက်များတွင် စစ်ဆေးခံကာ ဖြတ်သန်းသွားလာခြင်းမဟုတ် ဘဲ အခြားသော ရှောင်ကွင်းလမ်း များမှ ဖြတ်သန်းကာ သွားလာနေကြကြောင်း ဦးစောမြင့်ဦးက ပြောသည်။ တရားဝင်အခွန်ပေးဆောင် ပြီး လုပ်ကိုင်စေလိုကြောင်း ၎င်း က ဆိုသည်။
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကလည်း ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုး ရေးကို အဓိကထားဆောင်ရွက်ရ သည့် အဖွဲ့အစည်းဖြစ်ပြီး ငြိမ်း ချမ်းရေးအဖွဲ့အစည်းများအနေ ဖြင့် ဥပဒေအတိုင်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း အ စည်းအဝေး၌ ပြောကြားခဲ့သည်။
7Day
0 comments:
Post a Comment