Friday, November 30, 2018

Grab သုံးဘီး ပုဂံတွင် ပြေးဆွဲမည်

ပြည်တွင်း အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် Grab သည် ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် Grab သုံးဘီးယာဉ် အစီး ၃၀ ဖြင့် ပုဂံမြို့တွင် ပြေးဆွဲမည်ဖြစ်ကြောင်း Grab ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါသုံးဘီးအငှားယာဉ်များကို နိုဝင်ဘာလ ၁၅ ရက်မှစတင်စမ်းသပ်ပြေး ဆွဲနေပြီး နိုဝင်ဘာလ ၂၉ မှစ၍ ပုံမှန်ပြေး ဆွဲမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် Grab သုံးဘီးယာဉ်ပြေးဆွဲခြင်း သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။ 

ပုဂံမြို့၌ Grab သုံးဘီးယာဉ် ငှားရမ်းရာတွင် စီးနင်းချိန် ၂ နာရီအတွက် ၁၀၀၀၀ ကျပ်၊ စီးနင်းချိန် ၄ နာရီအတွက် ၁၅,၀၀၀ ကျပ်၊ စီးနင်းချိန် ရှစ်နာရီအတွက် ၂၅,၀၀၀ ကျပ်နှင့် လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာ၊ သင်္ဘောဆိပ် ခရီးစဉ်တစ်ကြောင်း လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားကြောင်း Grab ၏ Expansion Manager ကိုစိုးထိုက်ထွန်းက ရှင်းပြသည်။ 

အဆိုပါ အငှားယာဉ်ဝန်ဆောင်မှုအတွက် Grab အပ်ပလီကေးရှင်းဖြင့် တစ်ရက်ကြိုတင်စာရင်းပေးရမည်ပြီး မြို့ခံယာဉ်မောင်းနှင့်အတူ မိမိသွားရောက် လည်ပတ်လိုသည့် အထင်ကရနေရာများသို့ တိုင်ပင်လည်ပတ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

The Voice

0 comments:

Post a Comment