Friday, November 30, 2018

မြန်မာဘက်မှဘင်္ဂလားဒေ့ရှ်သို့ ရာဘကုန်ကူးမှုအကြောင်းဖော်ပြခဲ့သော Daily Starသတင်း အကောင်းဆုံးသတင်းဆုရရှိ


မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရာဘဆေးပြားတွေဝင်ရောက်လာတဲ့အကြောင်းဖော်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကThe Daily Starသတင်းစာကသတင်းတစ်ပုဒ်ဟာ ဒါကာသတင်းထောက်များသမဂ္ဂကပေးအပ်တဲ့ ယခုနှစ်အတွက် အကောင်းဆုံးသတင်းဆုကို ရရှိသွားပါတယ်။

မြန်မာရဲ့ဓားစာခံဘင်္ဂလားဒေ့ရှ်ဆိုတဲ့အဲဒီသတင်းဆောင်းပါးကို The Daily Starရဲ့တာဝန်ခံအယ်ဒီတာ အီနန် အာမက်နဲ့ စီမံရေးအယ်ဒီိတာ ရှာခါဝတ် လီတွန်တို့ကပူးပေါင်းရေးသားခဲ့တာပါ။

မြန်မာနိုင်ငံမှာထုတ်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုဝင်ရောက်ခဲ့တဲ့ရာဘတွေကိုရှာဖွေခဲ့တာတွေဖော်ပြထားတဲ့အဲဒီသတင်းဆောင်းပါးဟာ အပိုင်း(၃)ပိုင်းရှိတဲ့အထဲက ပထမဆုံးအပိုင်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသန်းချီက ရာဘစွဲနေကြပြီး စိတ်ကြွဆေးအနေနဲ့အသုံးပြုတာကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးတာနဲ့ စိတ်မတည်ငြိမ်တာတွေတွေ့ကြုံခဲ့ရပါတယ်။

TheFifthWaveNews

0 comments:

Post a Comment