Thursday, November 29, 2018

ဒေါ်အောင်ဆန်းစုကြည်ကို နီပေါဒုဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ နီပေါသမ္မတနှင့် ဝန်ကြီးချုပ်ကို ယနေ့တွေ့ဆုံမည်


နီပေါနိုင်ငံသို့ ရောက်ရှိ နေသော နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်)တွင် ထရီဘူဗန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး အိုင်ရှဝါပိုခရယ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။ 
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နီပေါသမ္မတ ဘီဒယာဒီဗီဘန်ဒါရီနှင့် ဝန်ကြီးချုပ်အိုလီတို့နှင့် ယနေ့ (နိုဝင်ဘာ ၃၀ ရက်)တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ခတ္တမန္ဒူအခြေစိုက် သတင်းဌာနအချို့က ဖော်ပြထားသည်။ 

ဝန်ကြီးချုပ် အိုလီနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး မြှင့် တင်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ ဆွေးနွေးမည်ဖြစ် ကြောင်း နီပေါနိုင်ငံခြားရေးဝန် ကြီးက ပြောကြားထားသည်။ 

ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီး သွားလုပ်ငန်း၊ လေကြောင်းသွား လာရေးနှင့် နိုင်ငံတကာမျက်နှာ စာတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးရန် မြန်မာအစိုးရက စီစဉ်ထားသည်။ 

ဒေါ်အောင်ဆန်းစုကြည် သည် ခရီးစဉ်စတင်သည့် ယမန် နေ့တွင် ခတ္တမန္ဒူမြို့၌ ပြုလုပ် သော Nepal Chamber Expo 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ကာ မိန့်ခွန်းပြော ကြားကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။ 

သုံးရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပမည့် အာရှ-ပစိဖိတ်ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

7Day

0 comments:

Post a Comment