Friday, November 30, 2018

ရန်ကုန်မြို့သစ် စီမံကိန်းဖော်ဆောင်ရာမှာ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်


တရုတ်နိုင်ငံအစိုးရ ဟာ ရန်ကုန်မြို့သစ် ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွား မှာဖြစ်ပြီး အကျိုးရလဒ်များ လျင်မြန်စွာ ပေါ်ပေါက်လာရေးအတွက် သဘောတူညီချက်တွေ ရရှိထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သတင်း ထုတ်ပြန်ချက်အရ မှာဖော်ပြထားပါတယ်။ 
ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်နိုင်ရေး အတွက်ပြည်တွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ 

ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧကပေါင်း ၂၀ဝ၀ဝ ပေါ်မှာ အကောင်အထည်ဖော် နိုင်ဖို့ အတွက် စီစဉ်နေတာဖြစ်ပြီး မကြာမီ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူ မှု ပြင်ဆင်မှုတွေ ကိုလည်း အဆုံးသတ်နိုင်တော့မှာဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကလည်း ကြေညာထားခဲ့ တာဖြစ်ပါတယ်။ 

MCN


0 comments:

Post a Comment