Thursday, November 29, 2018

ရုရှားဖမ်းထားသည့် ယူကရိန်းရေတပ်သား ၉ ဦးကို ၂ လချုပ်ထားရန် အမိန့်ချ



ရုရှားက ဖမ်းထားတဲ့ ယူကရိန်းရေတပ်သား ၉ ဦးကို တရားမစွဲခင် ညီတူညီမျှ ၂ လ ချုပ်ထားဖို့ ခရိုင်းမီးယား တရားသူကြီးက နိုဝင်ဘာ ၂၈ ရက်မှာ အမိန့်ချလိုက်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်ကြောင့် နိုဝင်ဘာ ၂၅ ရက်က ခရိုင်းမီးယား ကမ်းလွန်ပင်လယ်ပြင်ကနေ ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်းသင်္ဘော ၃ စီးပေါ်က သင်္ဘောသား ၂၄ ယောက်စလုံး ၂၀၁၉ ဇန်နဝါရီ ၂၅ ရက်ထိ ထောင်ထဲမှာ နေရတော့မှာပါ။
သူတို့ဟာ ရုရှားပင်လယ်ပိုင်နက်ထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုနဲ့ စွပ်စွဲခံထားရပါတယ်။
ပင်လယ်နက်ထဲကနေ ကာ့ခ်ျရေလက်ကြားကို ဖြတ်သန်းပြီး အာ့ဇော့ဗ် ပင်လယ်ထဲကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ ယူကရိန်းစစ်သင်္ဘော ၂ စီးနဲ့ တွဲလှေတစီးကို ရုရှားက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ဒါဟာ ရုရှားနဲ့ ယူကရိန်းအစိုးရတို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကနေ အဆိုးရွားဆုံး ထိပ်တိုက်တွေ့မှု ဖြစ်လာပါတယ်။



0 comments:

Post a Comment