Wednesday, April 24, 2019

ထိုင်းဘုရင်၏ နာမည်၊ ဘွဲ့နာမည်နှင့် ဇာတာကို ရွှေပြားပေါ် ကမ္ပည်းတင်


ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က မြဘုရားစံမြန်းရာကျောင်းမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ တော်ဝင် ဗေဒင်ဆရာတွေက ဧပြီ ၂၃ ရက်မှာ ကျင်းပတဲ့ အခမ်းအနားအတွင်း ဘုရင် မဟာဝဇီရာ လောင်ကွန်းရဲ့ နာမည်၊ ဘွဲ့နာမည်နဲ့ ဇာတာကို ရွှေပြားပေါ်မှာ ကမ္ပည်းတင်နေကြပါတယ်။

ဒါဟာ မေလမှာကျင်းပဖို့ စီစဉ်ထားတဲ့ နန်းတက်ပွဲရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
မေလ ၄ ရက်ကနေ ၆ ရက်ထိ ကျင်းပမယ့် နန်းတက်ပွဲဟာ ၁၉၅၀ မေလ ၅ ရက် နောက်ပိုင်းမှာ ပထမဆုံးနန်းတက်ပွဲ ဖြစ်လာမှာပါ။
လက်ရှိဘုရင်ရဲ့ ဖခမည်းတော် ဘုရင် ဘူမိဘော အဒူလျာဒက်ဟာ ၁၉၅၀ မေလ ၅ ရက်မှာ နန်းတက်အပြီး ၂၀၁၆ အောက်တိုဘာလမှာ နတ်ရွာစံခဲ့ပါတယ်။ ဒါကြောင့် သူဟာ နှစ် ၇၀ နီးပါး ထီးနန်းစိုးစံခဲ့တာပါ။
ထိုင်းယဉ်ကျေးမှုအရ ဗုဒ္ဓဘာသာ ကိုးကွယ်မှုထဲမှာ ဗေဒင်နဲ့ လက္ခဏာအပြင် တားရော့၊ ဖုန်းရွှေနဲ့ ဂမ္ဘီရဉာဏ်တွေပါ ရောနှောစိမ့်ဝင်နေတာပါ။
နိုင်ငံသမိုင်းအတွင်း အရေးကြီးတဲ့ အပြောင်းအလဲတိုင်းမှာ ဝေဒပုရောဟိတ်အဖွဲ့က အနာဂတ်ကို ဟောကိန်းထုတ်တာ အစဉ်အလာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment