ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်၇/အရှေ့ရပ်ကွက်မေတ္တာရှင်လမ်းတွင် နေထိုင်သည့် အသက် ၁၂ နှစ်အရွယ်ကျောင်းသားငယ်လေးတစ်ဦးမှာ ခွေးရူးပြန်ရောဂါဖြင့်သေဆုံးသွားခဲ့ခြင်းနှင့်အတူလူမှု့ ကွန်ရက်တွင်ဝေဖန်မှု့ မျိုးစုံထွက်ပေါ်လာသည်။
အဆိုပါကျောင်းသားငယ်မှာရန်ကုန်ဆေးရုံကြီးတွင် ယမန် နေ့ (ဧပြီ ၂၃ရက်) က ခွေးရူးပြန်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာကလေးငယ်၏နာရေးဖိတ်စာတွင် "ခွေးကိုက်ခံရပါက ၂၄ နာရီအတွင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးကြပါ" ဟု ထည့်သွင်း သတိပေးထားသည်ကိုလည်း တွေ့ ရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွေးလေခွေးလွင့်များ ပိုမိုများပြားလာသလို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးဟု ဝေဖန်နေမှု့ များလည်းရှိနေသည်။ ထို့ အတူ ခွေးလေခွေးလွင့်များကို ရှင်းလင်းပေးစေလိုသူများနှင့် ခွေးချစ်သူအဖွဲ့ အစည်းများအကြားတွင်လည်းအမြင်ကွဲပြားမှု့ များရှိနေသည်ကိုတွေ့ ရသည်။
ရန်ကုန်တွင် ခွေးလေခွေးလွင့်ပြဿသာနာကို ဖြေရှင်းရေးနိုင်ရေးအတွက်တည်ဆဲဥပဒေများနှင့်အညီခွေးလေခွေးလွင့်ထိန်းချုပ်မှုများပြုလုပ်ရန်လိုကြောင်းနှင့်စည်းမဲ့ကမ်းမဲ့ ခွေးစာ ကျွေးသူများအား အသိပညာပေးရန်လိုအပ်ကြောင်း ပညာပေးကာလကျော်လွန်ပါက ငွေဒဏ်၊ ထောင်ဒဏ်၊ လုပ်အားပေးပြစ်ဒဏ် စသဖြင့် ချမှတ်ခြင်းများလုပ်ဆောင်ရန်လိုသည်ဟု သုံးသပ်သူအချို့ လည်းရှိနေသည်။
မတ် ၃၁ က ပြီးဆုံးခဲ့သည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲအပြီးတွင် ရန်ကုန်မြို့ တော်၏ ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဦးစိုးလွင်ကမူ ၄င်းတာဝန်ယူသည့်ကာလအတွင်း ခွေးလေခွေးလွင့် အဆမတန်များပြားလာမှုပြသာနာနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို အဓိကကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။
ခွေးလေခွေးလွင့်ပြသာနာမှာရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးရင်ဆိုင်နေရသည့်ပြသာနာဖြစ်နေပြီး ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ခွေးကိုက်ခံရ၍တက်ရောက်ကုသခံရသူပေါင်း ၁၆၀၀၀ ကျော်ရှိခဲ့သည်ဟုလည်း ဦးစိုးလွင်က ဒုတိယမြို့ တော်ဝန်မဖြစ်မီ မဲဆွယ်ကာလတွင် ပြောကြားခဲ့ဖူးသည်။
Photoး Credit
KS
The Ladies News
The Ladies News









0 comments:
Post a Comment