
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုနှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် လူမှုရေးခက်ခဲသော ဝေးလံဒေသများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့်ကို အမှတ် ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ စက်တင်ဘာ ၄ ရက်တွင် ကြေညာလိုက်ပါတယ်။
နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ကိုးကန့်၊ ‘ဝ’နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော ဒေသစရိတ် ခံစား ခွင့်ရှိသည့် ဒေသများမှ ကျောင်းသား၊ ကျောင်းသူများသည် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန ရုံးအမှတ် (၁၄) နေပြည်တော်သို့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဝေးလံဒေသများမှ ဆေးတက္ကသိုလ် ဝင်ခွင့် လျှောက်ထားသူများသည် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ရမည်ဖြစ်ပြီး လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် နိုင်ငံသား စိစစ်ရေးကတ်ပြား (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်ထားရမည်ဖြစ်သည်။
၂၀၁၈ က ဆေးတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ်သည် ကျား ၅၀၅ မှတ်၊ မ ၅၁၅ မှတ်ဖြစ်ကြောင်း သိရသည်။










0 comments:
Post a Comment